" ပြောပါ သမီး "
" ခွန်းသစ်ပျို ကို ကျွန်မ အိမ်မှာ ညအိပ်ထားပေးလို့ရမလား ညပိုင်းအလုပ်တွေအတွက်လဲ ကျွန်မ လစာတိုးပေးပါ့မယ် "
" ဟင်....." မေမေ က အံသြတကြီး ပျို့ကိုကြည့်ပြီး မေးငေါ့ ပြတယ် ပျိုလဲ ဘာပြောရမှန်းမသိ ပျို ကိုယ်တိုင်လဲ အံသြနေမိတယ်
" ဟုတ်ပါတယ် ခွန်းသစ်ပျို လဲ ပြန်ရတာ မိုးချုပ်တယ် ပြီးတော့ လာမယ် Sunday ဆို ကျွန်မ က ပွဲ တစ်ခုတက်ရမှာ ညမိုးချုပ်မှာ အာ့တာကြောင့် အန်တီ့ ဆီက ခွင့်တောင်းတာပါ ခွင့်ပြုမယ် ဆို တစ်ပတ်တစ်ရက် ပိတ်ရက်ပေးပြီး အိမ်ပြန်ဖို့ ခွင့်ပြုပေးပါ့မယ် "
မေမေ က ဘာမှမပြောပဲ ငြိမ်နေရာမှ စဥ်းစားဟန်ပြုပြီး
" သမီး သဘောပါ အဆင်ပြေသလိုလုပ်ပါ "
" ဟုတ်ကဲ့ရှင့် ဒါဆို မနက်ဖြန်ကျရင် သူ့ရဲ့အဝတ်စားတွေယူလာခိုင်းပါ အနည်းအကျဥ်း ပေါ့ "
" ဟုတ်....ဟုတ် " ပြောပြီး မမကုဋေ က ဖုန်းချသွားတယ် ပျိုလဲ မေမေ့နားကပ်လိုက်ပြီး
" မေမေ တစ်ယောက်ထဲ အဆင်ပြေပါ့မလားဟင် " ပျို့ တို့ရဲ့ ဖေဖေ မရှိတော့ထဲက မေမေ နဲ့ ညအိပ်ညနေမခွဲဘူးတော့ မေမေ့ ကို ပျို စိတ်မချနိုင်ဘူးလေ
" မေမေ က ရပါတယ် သမီးရယ် အဝေးကြီး မှာ မှ မဟုတ်တာ"
"ဟုတ်ကဲ့ပါမေမေ" ပျိုလဲ ပြောပြီး ဖုန်းကိုယူကာ အခန်းထဲ ပြန်ဝင်ခဲ့ပြီး မနက်အတွက် ပျို့ရဲ့ အရောင်မမှိန်သေးတဲ့ ဝတ်စုံ သုံးလေးစုံ ထည့်ပြီး မီးပိတ်ကာ အိပ်ဖို့ပြင်လိုက်တော့တယ် မေမေ့တစ်ယောက်ထဲ ကျန်ခဲ့ရမှာကို စိတ်ထဲမှာဝမ်းနည်းနေပေမယ့်( ဘာတက်နိုင်မလဲလေ အလုပ်ပဲကို ကံစီမံရာအတိုင်းကရမှာပေါ့.)
[ကံစီမံတာမဟုတ်ဘူး မမ စီမံတာ😁😁😁]
==================
ကုဋေ လဲ ဖုန်းဆက်ပြောပြီးမှ (အလုပ်ဆင်းနေတဲ့သူတိုင်း ဒီအချိန်ပြန်နေကြတာပဲ ကို ခွန်းသစ်ပျိုတစ်ယောက်ထဲမှ မဟုတ်တာ ငါ ဘာကိုစိတ်ပူမိပါ့လိမ့်) တွေးမိပေမယ့် ဖုန်းက ဆက်ပြောပြီးနေပြီ မို့
အခန်းပြင်ထွက်ပြီး...
![](https://img.wattpad.com/cover/333892848-288-k715872.jpg)
YOU ARE READING
မြေခခဲ့ရသောအသည်းပန်း
Actionမာနခဲမင်းသမီးလေးနဲ့မန်နေဂျာမလေး တို့ရဲ့ အနေနီးစပ်တဲ့အချစ်ဇာတ်လမ်းလေး အခက်ခဲတွေကြားက ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ဖတ်ရှူးပေးကြပါဦး