ရင်ခွင်ထဲ အိပ်နေတဲ့ ကလေး ကို မနှိုးချင်သေးပေမယ့် သူဌေး နဲ့ တွေ့ရမှာရော ပြန်ရမှာရောမို့
" ခွန်း "
" ဟင်....."
" ထ တော့ ၈ နာရီတောင် ထိုးနေပြီ တစ်ခါမှ ဒီအချိန်ထိ မအိပ်ပဲနဲ့ "
" ဟင်...တကယ်ကြီး လား " မယုံသလိုနဲ့ မေးပြီး ထ ထိုင်လိုက်ရှာတယ်
" ညာစရာလား နာရီကြည့်လေ " ကုဋေ့ စကားကြောင့် ကလေးက ဖုန်းကိုယူပြီး နာရီကိုကြည့်လိုက်ကာ
" အာ မနေ့ညက မအိပ်ရပဲ ပင်ပန်းလာလို့ နေမယ် "
" မနေ့ ညက ပင်ပန်းတာလား ညက ပင်ပန်းတာလား ဒေါ်ခွန်းသစ်ပျို " ကုဋေ့ ရဲ့ စကားကြောင့် ကလေးက ရှက်သွားပြီး
" အာ...မမ နော် ဘာတွေ ပြောနေတာလဲ လူကိုအနိုင်ကျင့်ပြီး " ပြောလဲ ပြော ကုဋေ့ကိုလဲ မျက်စောင်းလေးထိုးလာသည်။ ကုဋေ လဲ လှဲနေရာမှ ကလေးရဲ့ ပါးလေးကို ဖျစ်ညစ်လိုက်ပြီး
" ဒါ ဆို ခွန်း က စိတ်မပါပဲ မ က အတင်းအနိုင်ကျင့်လိုက်တာပေါ့ "
" ဟာ မမ နော် ဘာတွေ ပြောနေမှန်းလဲမသိဘူး တော်ပြီ ရေချိုးတော့မယ် " ရှက်ပြီး ထ ထွက်သွားတဲ့ ကလေးကို ကုဋေ ကြည့်ပြီး ပြုံးနေလိုက်သည်
ဒီတိုင်းလေးပဲ ရှေ့ဆက်လို့ရမယ် ကလေးရယ် မ... တို့အကြောင်းကို လူတွေ သိမှာကြောက်တယ် မ.. ရောက်နေတဲ့ နေရာကနေ ဆွဲချ ခံရမှာကို ပိုကြောက်တယ် ( မ ကို နားလည်ပေးပါ ကလေးရယ်)
ရေချိုးပြီးတော့ ကလေးက ပြန်ထွက်လာတာမို့ ကုဋေ လဲ အနားကို ကပ်သွားလိုက် နဖူးလေးကို နမ်းက ပိုနေတဲ့ သဘက်နဲ့ ခန္ဓာကိုယ်မှ ရေစက်လေးတွေ သုတ်ပေးလိုက်တယ်
" အဝတ်စားဝတ်တော့ မ ရေချိုးလိုက်ဦးမယ် "
" ဟုတ် "
ကုဋေ လဲ ရေချိုးခန်းထဲဝင်လာလိုက်တော့ ကလေးက ကုဋေ ချိုးဖို့ ရေပူရေအေး စပ်ပေးခဲ့တာကို တွေ့လိုက်ရပြီ ကျေနပ်သွားရသည်
ခါတိုင်းလဲ တာဝန်အရ လုပ်ပေးနေကျမှာ ဒီမနက်မှာ ကလေးလုပ်ပေးသမျှ အရာအားလုံးက ကုဋေ့ ရင်ကို နွေးထွေးစေသည်
![](https://img.wattpad.com/cover/333892848-288-k715872.jpg)
YOU ARE READING
မြေခခဲ့ရသောအသည်းပန်း
Actionမာနခဲမင်းသမီးလေးနဲ့မန်နေဂျာမလေး တို့ရဲ့ အနေနီးစပ်တဲ့အချစ်ဇာတ်လမ်းလေး အခက်ခဲတွေကြားက ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ဖတ်ရှူးပေးကြပါဦး