Part - 1 (Unicode)

7.9K 351 4
                                    

​ဒီဇင်ဘာလရဲ့ရဲ့ ရာသီဥတု အခြေအနေက မနက်ခင်းပိုင်းပင် ရှိသေးသော်လည်း အိုက်စပ်စပ်ဖြစ်နေပြီ။ ရန်ကုန်မြို့မှာ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးက နွေရာသီနဲ့ မထူးမခြားနားပင်။

ပန်တျာဦးရဲ့ လက်ဖက်ရည်ဆိုင်သို့ လှမ်းနေတဲ့ ခြေလှမ်းတို့က ခပ်သွက်သွက်။ ဘေးနားတွင် ပန်တျာနဲ့အတူ ရဝေလင်းဟိန်းလည်း ပါသည်။  ယောကျာ်းလေး နှစ်ယောက်ရဲ့ ခြေလှမ်းက လိုရာသို့ ခဏအတွင်းမှာပဲ ရောက်သွားသည်။

လက်ဖက်ရည်ဆိုင်ရဲ့ အရိပ်ကို ခြေချလိုက်တာနဲ့ လူတွေရဲ့ အကြည့်တွေအောက်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်သား တစ်ယောက်လို ခံစားလာရသည်။ ဒီသိမ်ငယ်မှု့တွေဆီက ဘယ်အချိန်မှများ ပန်တျာ လွတ်မြောက်နိုင်မှာပါလဲ။ မိသားစု၊ လူ့အသိုင်းအဝိုင်း၊ လူ့ပတ်ဝန်းကျင်ဆိုတာ ပန်တျာအတွက် အသားမကျနိုင်တဲ့ ရပ်ဝန်းတွေပါပဲ။

"ဒီကလေးတွေအတွက် နွားနို့တစ်ခွက် ပါဆယ်ဟေ့"

ပန်တျာတို့ပင် မမှာရသေးခင် ဆိုင်ထဲတွင် လိုက်ပတ်ကြည့်နေတဲ့ ဆိုင်ရှင်ဆီက အော်သံထွက်လာသည်။

"ဟဲ့ ဟဲ့ ဟိုကလေးမလား"

အမျိုးသမီးသုံးယောက် ထိုင်နေတဲ့ ဝိုင်းဆီမှ ထွက်လာတဲ့ စကားသံ။ အကြည့်တို့ကလည်း ပန်တျာ့ဆီမှာ ဝေ့ဝဲနေ၏။ တင်းကြပ်လာတဲ့ စိတ်ခံစားချက်ကြောင့် လက်နှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။ သူတို့ဆီမှ နောက်ထပ် ထပ်ထွက်လာမဲ့ စကားတို့ကိုလည်း နားထောင်ဖို့ရာ ပန်တျာ အဆင်သင့်ဖြစ်နေပြီ။

"ဟုတ်ပါ့တော်"

"သူလေးက ဘယ်သူမလို့လဲ"

ပန်တျာ့ကို သေချာမသိဟန်တူတဲ့ အမျိုးသမီး တစ်ယောက်က ပြန်မေးခွန်း ထုတ်လာသည်။ လူတစ်ယောက်လုံးကို ရှေ့မှာထားပြီး ပြောဆိုနေကြပေမဲ့ ဆက်ပြောလာမဲ့ စကားတွေဟာ မှန်နေတော့လည်း ငြိမ်နေရပြန်သည်။  ငြိမ်မခံလို့ ပြဿနာတက်ရင်လည်း ပန်တျာ့ရဲ့ အုပ်ထိန်းသူ အလုပ်ရှုပ်ရလိမ့်မည်။ သူ့ကိုယ်သူ အားမရပေမဲ့ သူ့ကြောင့် တစ်ပါးသူ အလုပ်ရှုပ်ရမှာမျိုး မဖြစ်စေချင်တာ အမှန်ပါပဲ။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now