Part - 10 (Unicode)

2.6K 187 1
                                    


မောင့်ရဲ့တိုက်တွန်းမှု့၊ စွမ်းထက်အောင်ရဲ့ စေ့ဆော်မှု့တွေနဲ့ ပန်တျာ့ကိုလာကမ်းလှမ်းသည့် ဒါရိုက်တာကိုထင်ကျော်မင်းရဲ့ ကမ်းလှမ်းမှု့ကို လက်ခံဖြစ်ခဲ့သည်။ မောင်သည် Trainingဆင်းချိန်ကိုပင် ဖျက်၍ ပန်တျာ့ရဲ့ ရိုက်ကူးရေးမှာ အနားရှိချင်ပါသည်ဟုဆိုပြီး လိုက်လာလေ၏။

​နာမည်ကြီး လူ့အသုံးအဆောင်ပစ္စည်း ကုမ္ပဏီ တစ်ခုကို ကြော်ညာရိုက်ပေးရမည်ဖြစ်ပြီး ပန်တျာနဲ့ စွမ်းထက်အောင်ရဲ့ ပိတ်ရက်ကိုလည်း ကိုထင်ကျော်မင်းက အချိန်ညှိပေးသည်။  စွမ်းထက်နဲ့ ပန်တျာအပြင် မင်းသမီးတစ်ယောက်လည်းပါဝင်ရိုက်ကူးမည်ဖြစ်သည်။

ချိန်းထားသည့် studioသို့ ရောက်ချိန်တွင်
မောင်က ဆုပ်ကိုင်ထားသည့် လက်ကို ဖြေချပေးသည်။ မလိုအပ်ဘဲ လူအများအာရုံစိုက်မခံရစေရန် ရည်ရွယ်ပုံရသည်။
ကိုထင်ကျော်မင်းသည် ပန်တျာ့ကိုမြင်သည်နှင့် အပြေးအလွှားလာခေါ်လေသည်။ ရိုက်ကွင်းအတွင်းရှိ make-up Artist,Designerတို့၏ အကြည့်များသည် ပန်တျာ့ထက် ဘေးက မောင့်ဆီသာဝေ့ဝဲလို့နေချေ၏။

Shirt လက်ရှည်အနက်ကို တံတောင်ထိ
မ တင်ထားပြီး ရင်ဘတ်ကို အင်္ကျီကြယ်သီးသုံးလုံးလောက် ဖြုတ်ထားပုံသည် ပျိုမဒီတွေကို ဆွဲဆောင်နိုင်သည့် ပုံစံမျိုး ဖြစ်နေချေ၏။ အရပ်ရှည်သည့်အပြင် သန်မာသောလက်ဖျံနဲ့  တစ်စွန်းတစ်စ မြင်နေရသော မို့မောက်သည့် ရင်အုပ်တွေက အားကစားသမားတစ်ယောက်ရဲ့ ပုံရိပ်ကို လှစ်ဟပြသလို့နေသည်။

ပန်တျာ့ထက်အရင် စွမ်းထက်အောင်က ရောက်နေပြီး ပြင်ဆင်ခြင်း ပြုလုပ်နေသည်ကိုတွေ့ရသည်။ စွမ်းထက်နှင့် မလှမ်းမကမ်းတွင်နောက်ကျောပေးကာ မိန်းကလေးတစ်ယောက် ပြင်ဆင်နေသည်ကို မြင်ရ၏။ ကြည့်ရတာ ပန်တျာတို့နှင့်အတူရိုက်ကူးမဲ့ မိန်းကလေးဆိုတာဖြစ်လိမ့်မည်။

"ကျေးဇူးတင်တယ်ဗျာ ကျွန်တော်ကမ်းလှမ်းတာကို လက်ခံပေးလို့"

ပန်တျာ့ဘက်က ပြန်ဆက်သွယ်သည့် နေ့ကလည်း ကိုထင်ကျော်မင်းသည် ကျေးဇူးတင်စကား အထပ်ထပ်ဆို၏။ လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်လုပ်ကိုင်နေသူတစ်ယောက်ဟူ၍ ဟိတ်ဟန်တွေ မတွေ့ရပေ။ သိလိုသမျှကို သေချာဖြေပေးသည်။ နားမလည်သမျှကို သေချာရှင်းပြပေး၏။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now