Part - 4 (Unicode)

3.4K 238 1
                                    

အဲကွန်း​ရဲ့ အအေးဓာတ်ကြောင့် ကားအတွင်း လေထုမှာ အေးစက်နေသည်။ ထို့အတူ ကားထဲမှာလည်း လူသုံးယောက် ရှိသည့်တိုင် အသံတစ်စွန်းတစ်စမှ မထွက်ဘဲ တိတ်ဆိတ်နေ၏။ လေဆိပ်မှာတုန်းက မပြီးနိုင်၊ မစီးနိုင် စကားပြောခဲ့ကြတဲ့ နှစ်ယောက်က အခုတော့ ပြောစရာမရှိကြသလို၊ တိတ်ဆိတ်လို့နေသည်။

ခုနှစ်နှစ်လောက်ကြာမှ ပြန်တွေ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်က ဘာမှ ပြောစရာမရှိကြတော့ဘူးလား။ ဒါမှမဟုတ်
ပန်တျာ့ရှေ့မို့ မပြောကြတာလား။
ခေါင်းကို တစ်ချက်ရမ်းလိုက်ရသည်။ လူတိုင်းကို ကိုယ်ကြုံခဲ့ဖူးသူတွေနဲ့ တူတူပဲလို့ တွေးတတ်တဲ့ အကျင့်ကို ပြင်ရဦးမယ်။

"ပန်တျာက စွမ်းထက်နဲ့ ကျောင်းအတူတူပဲလား"

တိတ်ဆိတ်မှု့ကို ဖြိုခွင်လိုက်တဲ့ အမေးစကားသံ။ မေးသူဟာ တကယ်ပဲ မသိလို့ မေးတာလား။ ဒါမှမဟုတ် တိတ်ဆိတ်နေတဲ့ အခြေအနေကို ပြောင်းလဲချင်လို့ မေးတာလား မသိပေ။ စွမ်းထက်နဲ့ ပန်တျာဆိုတာ ကျောင်းမတူဘဲ သိစရာအကြောင်း
မရှိတဲ့ လူနှစ်ယောက်။ ပြီးတော့ နှုတ်ယဥ်နေသူတစ်ယောက်လို၊ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတစ်ယောက်လို 'ပန်တျာ' လို့ ခေါ်လိုက်ပုံက ရင်းရင်းနှီးနှီး။

"ဟုတ်ကဲ့ ကျွန်တော်တို့ ကျောင်းအတူတူပါပဲ"

ကားအရှေ့ခန်းကနေ အနောက်ခန်းသို့ လှည့်ကာ ပန်တျာ့ အဖြေကို စောင့်ဆိုင်းနေသူအား ခပ်မြန်မြန် ပြန်ဖြေပေးလိုက်သည်။ ကားအတွင်း၌ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားသည်။

ကားက ဘယ်အရပ်ကို ဦးတည်နေသလဲ သိချင်တာကြောင့် ပန်တျာ့ အကြည့်တို့ကို ပြင်ပ မြင်ကွင်းစီသို့ ပို့ထားလိုက်မိ၏။ ရင်းနှီးနေတဲ့ လမ်း၊ မြင်ကွင်းတွေကြောင့် မမြင်ရဘူးဆိုတာ သိသည့်တိုင် အရှေ့ခန်းက စွမ်းထက်ရဲ့ ကျောပြင်ကို ကြည့်လိုက်မိသည်။ မဟုတ်မှ...။

ပန်တျာ တွေးထင်ထားသလိုပဲ ကားလေးဟာ ပန်တျာနဲ့ စွမ်းထက်တို့ နေထိုင်ရာ တိုက်ခန်း၌ ရပ်တန့်သွားသည်။ထိုလူက ပန်တျာတို့နဲ့ အတူနေမှာများလား။ ပန်တျာ့ရင်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်သွား၏။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now