Part - 5 (Unicode)

3K 219 0
                                    

"ညောင်းကိုက်နေတာပဲ"

ဂျူတီလဲပြီး ဆေးရုံအပြင်ရောက်တော့မှ စွမ်းထက်အောင်က သူ့ပုခုံးသူ ထုရင်း ညည်းလာသည်။ Rest Roomထဲမှာ ခဏသွားနားမယ် ကြံလိုက် လူနာရောက်လာလို့ AS အစ်ကို၊ အစ်မတွေကို ကူလိုက်နဲ့ တစ်ညတာ ကုန်လွန်ခဲ့ရတာမို့ ပန်တျာလည်း စွမ်းထက်အောင်နည်းတူ ညောင်းကိုက်နေတာပါပဲ။

"ထောပတ်သီးဖျော်ရည် သောက်ချင်တယ်"

"စောစောစီးစီး"

စွမ်းထက်အောင်က တစ်ယောက်ယောက်ဆီ စာပို့နေဟန် လက်ကလည်း တတောက်တောက်နဲ့ စာရိုက်နေရင်း ဖုန်းကို အကြည့်မလွှဲဘဲ ပြောလာသည်။ ဂျူတီထွက်ပြီးချိန်လည်းဖြစ်၊ မနက်စာ စားချိန်လည်း ဖြစ်နေတော့ ဗိုက်က အချက်ပြနေချေပြီ။ ဖျော်ရည်တစ်ခွက်နဲ့ ပေါင်မုန့်ဖြစ်ဖြစ်၊ ကိတ်မုန့်ဖြစ်ဖြစ် တွဲဖက်ပြီး စားချင်စိတ်လေးဝင်နေ၏။

"မနက်စာ ဘာစားမှာလဲ စွမ်းထက်"

"အိမ် အရင် ပြန်ရအောင်"

ထိုမျှသာ ပြောပြီး ပန်တျာ့အား ဆွဲခေါ်သွားသည်။ ပန်တျာနဲ့ စွမ်းထက်တို့ တိုက်ခန်းဆီ ပြန်ရောက်ချိန်တွင် လှေကား၌ မောင်နှင့် ဆုံ၏။ စွပ်ကျယ်ဂျိုင်းပြတ်နှင့် အားကစားဘောင်းဘီ ဝတ်ထားပုံအရ မနက်ခင်းပိုင်း ပြေးရာကနေ ပြန်လာဟန်တူသည်။ လက်ထဲတွင်လည်း အထုပ်အပိုး တချို့နဲ့။ အတိအကျဆိုရရင် မောင့်ရဲ့ လက်ထဲတွင် အစားအသောက်တွေ ကိုင်ထား၏။ အစားအသောက်တွေထဲတွင် ပန်တျာ သောက်ချင်နေတဲ့ ထောပတ်သီးဖျော်ရည် ပါသလို၊ စားချင်နေတဲ့ ကိတ်မုန့်လည်းပါသည်။ စွမ်းထက်များ မှာလိုက်သလား အကဲခတ်တော့လည်း စွမ်းထက်မျက်နှာတွင် ဘာအရိပ်အယောင်မှ မတွေ့ရ။

"ပြန်လာကြပြီလား"

ပန်တျာ ခေါင်းညိတ်ပြလိုက်သည်။

"ဂျူတီထွက်လာတော့ ဗိုက်ဆာနေကြမယ် ထင်လို့ ဝယ်လာတာ။ ဘာကြိုက်တတ်လဲ မသိတော့ စိတ်ထဲရှိတာ ဝယ်လာလိုက်တာ ကြိုက်ပါ့မလားတော့ မသိ"

စားချင်နေတာမှ တိုက်တိုက်ဆိုင်ဆိုင်
ဝယ်လာတတ်လိုက်တာဟု စိတ်ထဲ တိုးတိုးတိတ်တိတ် ချီးကျူးလိုက်သည်။ စွမ်းထက်အောင် မျက်နှာက မှိုရသွားသလို မောင့်ရဲ့ လက်ထဲက သူ စားချင်တာကို ယူ၏။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now