Part - 6 (Unicode)

2.8K 232 1
                                    

လက်တစ်ဖက်က ဖုန်းကိုကိုင်၊ လက်တစ်ဖက်က စာရွက်ကိုကိုင်နှင့် များပြားလှသည့် လှေကားထစ်တွေကို အလျှင်အမြန် ပြေးဆင်းလာတဲ့ ပန်တျာ့အား လှေကား၌ ဆုံသည့် လူအချို့ကပင် ရှောင်ဖယ်ပေးရသည်။ အောက်ရောက်လျှင်လည်း သွားရမဲ့နေရာသို့ အမြန်ရောက်အောင် ကားငှားရဦးမည်။

"ဟူး"

နောက်ဆုံးလှေကားထစ်ကို ဖြတ်နင်းပြီး အောက်သို့ ရောက်သွားချိန် အမှု့ကိစ္စတစ်ခု ပြီးမြောက်သွားသလို ခံစားလိုက်ရသည်။ ကားငှားပြီးရင်တော့ ကားပေါ် အေးဆေး ထိုင်လိုက်သွားရုံပဲမို့ ခဏ ရပ်ကာ လေဝအောင်ရှူရှိုက်လိုက်မိ၏။

ရှားရှားပါးပါး ဂျူတီနားရက်လေးမို့ နားနားနေနေ နေပြီး ညနေဘက်မှ ဆရာရဲကျော်ရဲ့ ဆေးခန်းကို သွားကူပေးမည်ဟု တွေးထားပေမဲ့ အတွေးနဲ့ တက်တက်စင်လွဲအောင် စွမ်းထက်အောင်က အကူအညီတောင်းလာသည်။ မနက်ရှစ်နာရီလောက်က 'မဖြစ်မနေ ရိုက်ပေးရမဲ့ ကြော်ညာလေး တစ်ခုရှိလို့ သွားဦးမယ်'ဆိုကာ နားရက်ကို မနားနိုင်ဘဲ ထွက်သွားသူက ဖုန်းနှင့် ရှူတင်မှာ လိုအပ်သည့် ဒိုင်ယာလော့စာရွက်တချို့ ကျန်ခဲ့လို့ ကူညီပါ ပန်တျာရယ်လို့ ဖုန်းဆက်ကာဆိုလာတော့ သူ့မှာ မကူညီဘဲ မနေနိုင်။ 

မေမေကြီးက ခြစ်ကုတ်ကာ ဝယ်ပေးထားသည့် တစ်ပတ်ရစ် ဖုန်းအဟောင်းလေး သူ့မှာ ရှိနေလို့သာ တော်တော့သည်။ မဟုတ်ရင် ရှားရှားပါးပါး ရှိသည့် သူငယ်ချင်းက ဒီလို ဆက်သွယ်အကူအညီတောင်းချင်ရင်တောင် ဆက်သွယ်မရဖြစ်နေဦးမည်။ အတွေးတချို့ကြောင့် မေမေကြီးကိုပင် သူ လွမ်းသွားသည်။ ဒီတစ်ခါ နားရက်တော့ ခိုလှုံရာဖြစ်တဲ့ ဂေဟာလေးဆီ သွားဖြစ်အောင် သွားပါဦးမည်။

ပန်တျာတို့ နေထိုင်ရာ အဆောက်အဦးရှေ့ထွက်ပြီး ကားငှားဖို့ ကြိုးစားနေစဥ်မှာပဲ ကားတစ်စီးက ပန်တျာ့ရှေ့သို့ ထိုးရပ်လာသည်။

"ဘယ်သွားမလို့လဲ ပန်တျာ တက်လေ မောင်လိုက်ပို့မယ်"

"မောင်"

နှုတ်က ခပ်တိုးတိုး ရေရွတ်လိုက်တော့ မောင်က ခေါင်းညိတ်ပြပြီး ခါးကိုင်းကာ တံခါးပါဖွင့်ပေးလာသည်။ တစ်လမ်းမောင်းမို့ နောက်က ကားတစ်စီးရောက်လာတော့ ဟွန်းသံအကျယ်ကြီး တီးပြီး သတိပေးမခံရခင် မြန်မြန်တက်လိုက်ရသည်။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now