Part - 14 (Unicode)

2.3K 185 4
                                    

အိပ်ခန်းအတွင်း၌ အမျိုးသမီးတစ်ဦး၏ သက်ပြင်းချသံ ပေါ်ပေါက်လာသည်။ မျက်နှာတွင်လည်း အလိုမကျမှု့များက အတိုင်းသား ပေါ်ပေါက်နေ၏။ ဘယ်ဘက်လက်သူကြွယ်တွင် အကောင်းစားစိန်လက်စွပ်ဝတ်ထားပြီး လက်ဖြင့် စာပွဲပေါ်သို့ တတောတောက် ခေါက်ကာ
တစ်ခုခုကို အသည်းအသန် စဉ်းစားနေသည်။ စားပွဲပေါ်တွင် အမျိုးသားနှစ်ဦး၏ ပုံရိပ်ကို မှတ်တမ်းတင်ထားသည့် ပုံများ ရှိနေသည်။

"ဘာလို့သူမှလဲ တခြားသူဆိုတောင် ဘာမှမဝင်ပါဘဲ မသိချင်ယောင်ဆောင်ထားမှာ။ ဒီကလေးနဲ့ ရေစက်ဆိုးကို မပြတ်နိုင်ဘူးလား"

ဘယ်သူမှမရှိတဲ့ အခန်းထဲတွင် ဒေါ်သဉ္ဇာကျော်၏ အလိုမကျသံက ထွက်ပေါ်လာသည်။ သူမရဲ့ အိပ်မက်ဆိုးတစ်ခု ၊အရိပ်မဲတစ်ခုသည် သူမရှိရာ ပတ်ဝန်းကျင်ကို မဖိတ်ခေါ်ပါဘဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ ဒါကိုများ ရပ်ကွက်ထဲကလူ​တွေ သိရင် 'အမေက အဖေကို ချူတယ်။ သားကလည်း အ​မေလမ်းစဉ်
လိုက်တယ်' ဆိုတဲ့ စကားက ထပ်ထွက်လာဦးမည်။

စားပွဲပေါ်က ပုံတွေထဲမှ တစ်ပုံကို ကောက်ကာ ကြည့်လိုက်မိသည်။ ပုံတွေသည် တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းတွေ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေပုံတွေ၊ Dateလုပ်ကြတဲ့ပုံတွေ၊ တစ်ယောက်အလုပ်ကို တစ်ယောက်က လိုက်သွားကြပုံတွေ၊ တစ်အိမ်တည်း အတူနေနေကြောင်း
ရှု့ထောင့်အမျိုးမျိုးက ရိုက်ထားသည့်ပုံများဖြစ်၏။

သူများကြားရင် ကိုယ့်​သွေးသားအရင်းကို ဘာကြောင့် သည်လောက် ခါးခါးသီးသီးဖြစ်နေလဲ မေးစရာဖြစ်မည်။သည်ကလေးက ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ရလာတဲ့ကလေးမဟုတ်ကြောင်း ကိုယ်တိုင်သာအသိဆုံးပါပဲ။

အချမ်းသာကြီး မဟုတ်ပေမဲ့ မဆင်းရဲဘဲ အများတန်းတူ နေနိုင်၊ စားနိုင်တဲ့ သူမတို့မိသားစုက ကံကြမ္မာမုန်တိုင်းမထန်ခင်အထိ သာသာယာယာရှိခဲ့တဲ့ မိသားစုလေးပင်။ ဒေါ်သဉ္ဇာကျော်၏မိခင်မှာ ဖခင်ဖြစ်သူဦးကျော်ကျာ်ရဲ့ နောက်အိမ်ထောင်ဖြစ်သော်ညား အရင်အိမ်ထောင်နဲ့မွေးထားတဲ့သားဦးအေးကျော်က မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံတာမျိုးမရှိ။ အတော်ကို အေးချမ်းတဲ့ မိသားစုလေးဖြစ်ခဲ့သည်။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now