Part - 2 (Unicode)

3.8K 286 3
                                    


ကျောင်းဆင်းချိန်မို့ ကျောင်းတံခါးရှေ့တွင် ကားများ၊ ဆိုင်ကယ်များဖြင့် စည်ကားနေ၏။ တချို့မိဘတွေက ကျောင်းထဲထိ ပြေးဝင်ပြီး သားသမီးကို ကြိုကြတော့မယောင်။ ကားရှိသူဟာ ကားနဲ့ လာကြိုကြသလို ဆိုင်ကယ်ရှိသူက ဆိုင်ကယ်ဖြင့် လာကြိုကြသည်။ အဆုံးစွန် စက်ဘီးရှိသူပင် စက်ဘီးနဲ့ လာကြိုကြ၏။ ညနေသုံးနာရီ နေပူချိန်မှာ သား၊သမီး မျက်နှာ နေမထိုးဖို့အရေး ထီးလေးတွေလည်း လက်ထဲကိုင်ထားကြ၏။
မြင်ရသူတောင် ရင်ထဲနွေးစေတဲ့ ပုံရိပ်ကလေးတွေ။

"ပန်တျာဦး"

ပန်တျာနဲ့ ရဝေတို့ ကျောင်းတံခါးနား ရောက်ခါနီး အနောက်မှ ပန်တျာ့နာမည်အား ခပ်စူးစူး ခေါ်သံ ထွက်လာသည်။ လှည့်ကြည့်လိုက်တော့ အတန်းထဲက  ကျောင်းသားလေး တစ်ဦး။ လက်ထဲမှာလည်း စာအုပ်လေးတစ်အုပ်ကို ကိုင်ထားသေးသည်။ ပန်တျာ့ အနား ရောက်ရောက်ချင်း ဒူးကိုညွတ်၍ လက်နှစ်ဖက်တင်ကာ အမောဖြေနေတာကြောင့် ကောင်လေးက စကားမပြောနိုင်သေးပေ။ ပြေးလိုက်လာရတာကြောင့် မိုင်ပေါင်းများစွာ ခရီးနှင်လာသူလို ဟောဟဲ လိုက်နေသည်။

"ဒါ...ဒါလေး"

အထစ်ထစ် အငေါ့ငေါ့ ထွက်လာတဲ့ စကားသံနောက် ပန်တျာ့ လက်ထဲသို့ ရောက်လာတာ 'ရေးပေးပါ' စာအုပ်လေး တစ်အုပ်။ ပန်တျာ့ မျက်ခုံးလေးတစ်ချက် ပင့်မိသွား၏။ မျက်ဝန်းလေးတွေကလည်း ဝိုင်းစက်သွားသည်။ ပန်တျာတို့လို အထက်တန်း ကျောင်းသားတွေအတွက် ရေးပေးပါ စာအုပ်လေးက လွန်စွာ အဓိပ္ပာယ်ရှိသည်။ ခွဲခွာခါနီး သူငယ်ချင်းတွေရဲ့ ဝါသနာ၊ နှစ်သက်တဲ့အရာလေးတွေကို အမှတ်တရရေးပေးရပြီး၊ တစ်ယောက်အတွက် တစ်ယောက်က အမှတ်တရ စာလွှာလေးတွေလည်း ရေးလို့ရ၏။

"ဒါ ဘာလုပ်ရမှာလဲဟင်"

"မင်း...မင်းရဲ့ အကြောင်းတွေ ရေး...ရေးပေး"

ကောင်လေးက ကြောက်နေသလို၊ လန့်နေသလို စကားသံတို့ဟာ ထစ်ငေါ့နေဆဲ။
ပန်တျာ့မျက်ဝန်းတွေဟာ ပိုလို့ ပြူးကျယ်သွားသည်။ အံ့သြမှု့ကြောင့် နှုတ်ခမ်းလွှာလေးပင် ပွင့်အာသွားသည်။ လူတစ်ယောက်က သူ့အပေါ်ကို အလေးထားတယ်ဆိုတာ အံ့သြစရာ ကိစ္စရပ်ပဲ။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now