Part - 13 (Unicode)

2.3K 173 1
                                    

မနက်အစောပိုင်းသာရှိသေးပေမဲ့ မောင့်မျက်နှာသည် နွမ်းဖတ်ဖတ်ဖြစ်နေ၏။ ပန်တျာလည်း မောင့်နည်းတူ မလန်းဆန်းပေ။ ပန်တျာ့ရဲ့ ကူညီချင်စိတ် ပြင်းပြမှု့ကြောင့် မောင်ပါ ပင်ပန်းခဲ့ရသည်။

အကြောင်းမှာ ယခုလက်ရှိ ပန်တျာ အလုပ်သင်ဆင်းနေရတဲ့ Child wardရှိ ကလေးတစ်ယောက် အဖျားတက်လာတာက စသည်။ မိဘနှစ်ပါလုံး မရှိတာလား၊ ရှိပါရဲ့နဲ့ လာမကြည့်ဘဲ နေနိုင်တာလား သေချာမသိပေမဲ့ အသက်အရွယ်ကြီးတဲ့ အဖွားက နေ့စဥ်ရက်ဆက် ဆေးရုံစောင့်နေရခြင်းကြောင့် အဖွားကို နားခိုင်းပြီး ပန်တျာ ကူစောင့်ပေးသည့် ညမှ ကလေးက အဖျားတက်လာ၏။ ပန်တျာ အိမ်မပြန်တော့ မောင်ပါ ဆေးရုံမှာပဲ တစ်ညတာ ဖြတ်သန်းလိုက်ရသည်။

ရိုက်ကူးရေးက ပြီးသွားပေမဲ့ ကိုထင်ကျော်မင်းသည် တွေ့ချင်ပါတယ်ဆိုကာဆက်သွယ်ထားတာကြောင့် ဆေးရုံက အပြန် ပင်ပန်းသော်လည်း မနားနိုင်သေးပေ။ အိမ်ကို ခြေလက်သန့်စင်ဖို့ ခဏသာဝင်ပြီး ချိန်ထားသည့် ဆိုင်သို့ မောင်နှင့်အတူ သွားတွေ့ဖြစ်သည်။

"ဟော ရောက်လာကြပြီလား။ မတွေ့တဲ့ လပိုင်းအတွင်း မောင်ပန်တျာဦးက
ပိုချောလာသလိုပဲ။"

"ကိုထင်ကျော်မင်းကတော့ နောက်တော့မယ်"

ပန်တျာတို့ ရောက်ရောက်ချင်းပင် ကိုထင်ကျော်မင်းက အရွှန်းဖောက်သည်။ ကိုထင်ကျော်မင်းနဲ့ မျက်နှာချင်းဆိုင်မှာပဲ မောင်နဲ့ ပန်တျာဝင်ထိုင်တော့ မောင်က ထိုင်ခုံထုတ်ပေးတာကအစ လုပ်ပေးသည်။

"ကိုထင်းကျော်မင်း ဘာလို့ကျွန်တော့်ကိုတွေ့ချင်တာများလဲ။ "

လာရင်းကိစ္စကိုပဲ ပန်တျာ မေးဖြစ်လိုက်သည်။

"အရင်တစ်ခါ ပြောခဲ့သလိုပဲ ကိုယ့် Entertainment ကနေ ပန်တျာဦးကို အနုပညာသမားတစ်ယောက်အဖြစ် မြေတောင်မြှောက်ပေးဖို့ ဆန္ဒရှိတယ်။ သိရသလောက် မကြာခင်လည်း အလုပ်သင်ကာလ ပြီးတော့မယ်မလား။ ရှေ့ဆက်ပြီး စဥ်းစားဆုံးဖြတ်ထားပြီးတာများ ရှိလား။"

"ဟို..."

ပန်တျာပြန်​ဖြေဖို့ အကြပ်ရိုက်နေစဉ်မှာပဲ
ပေါင်ပေါ်မှာတင်ထားတဲ့ ပန်တျာ့ရဲ့ လက်တစ်ဖက်ကို မောင်သည် ခုံအောက်ကနေဆုပ်ကိုင်လာပေးသည်။ မောင့်ကိုလှည့်ကြည့်တော့လည်း ပန်တျာ့ကိုသာ ကြည့်ကာ ပြုံးပြနေသည်။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now