အပိုင်း(၁)

172K 4K 124
                                    

Unicode

၂၀၀၆ခုနစ်

"အ့ သေစမ်းကွာ..."

နာတက်လာတဲ့ ဝမ်းဗိုက်ကြောင့် ကျွန်တော် ဆက်အိပ်မရတော့။ တစ်ဆက်တည်း ကျောင်းက အတန်းဖော်တစ်ချို့အား  စိတ်ထဲမှ ကျိန်ဆဲနေမိ၏။ကျွန်တော့်ကို ဒီလိုတွေနာသွားအောင် လုပ်တဲ့ တရားခံတွေက သူတို့တွေဘဲ မဟုတ်လား။

ဘာလို့လဲ။ဘာနေရာက မှားယွင်းနေလို့လဲ။သို့လောသို့လော မေးခွန်းတွေနဲ့ ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်နေမိတဲ့ အခါပေါင်းက မနည်းတော့။ အမြဲတမ်းလိုလို ပြောတတ်ကြတဲ့ "သောက်ခြောက်ကောင်"ဆိုတဲ့ စကားလုံးကလည်း ကျွန်တော့်အတွက် မကြားချင်မှ အဆုံး။

မနေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က ကျွန်တော့်အတွက် သာမာန်ကိစ္စရပ် တစ်ခု ဖြစ်နေမလား။အုပ်စုလိုက်ဖွဲ့ရင်း ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ အလကားသပ်သပ် ကျွန်တော့်ကို မျက်မုန်းကျိုးနေသည့် ပုဒ်မနဲ့ လက်သီးဖြင့် အထိုးခံလိုက်ရသည်က  ယခု နာနေတဲ့ ဗိုက်က သက်သေ။ကျွန်တော့် စိတ်နဲ့သာဆို ခံမှာမဟုတ်။ပြန်လုပ်မိမှာ။ဒါပေမဲ့ ကျွန်တော် ဆရာဝန်တစ်ယောက် သိပ်ဖြစ်ချင်တယ် ။"ပြစ်ချက်မရှိတဲ့ ကျောင်းသားမှ ဆရာဝန်ဖြစ်လို့ရမှာ"လို့ ကျွန်တော့်ကို မေမေတစ်ခါ  ပြောပြဖူးတယ်။သည်လို အကြောင်းပြချက်အပြင် နောက်တစ်ချက်က ကျွန်တော့်လို  လူကောင်သေးသေးလေးက ပြန်ချတော့ရော သူတို့ကိုနိုင်မှာတဲ့လား။ကျွန်တော်က သူတို့ရိုက်ရင်တောင် တစ်ကိုင်ပေါက်စာပဲ ရှိတာကိုး။

ကျွန်တော့်ဘဝကို စိတ်ကူးပေါက်လာသည့် ဥပမာ တစ်ခုနဲ့ နှိုင်းပြချင်စရာကောင်းသည်။ရေညှိစိမ်းတတ်နေတဲ့ ရေအိုင်ထဲ ငါးလေးတစ်ကောင်ရှိတယ် ဆိုပါစို့။သူလည်း အဲ့လိုရေအိုင်ထဲမှာ ရှင်သန်ချင်မှာမှမဟုတ်ဘဲ။ မလွဲသာလို့သာ ရှင်နေရတာ။ကျွန်တော့်ဘဝကလည်း အဲ့လိုပေါ့။ရွေးချယ်ခွင့်သာရခဲ့မယ်ဆိုရင် သည်လိုခန္ဓာကိုယ်မျိုး။မဟုတ်ဘူး။သည်လို ဘဝမျိုးကို မလိုချင်ဘူးဆိုပြီး အပြတ်ငြင်းပစ်ခဲ့မှာ။

အခြောက် မဟုတ်ပါဘဲ အခြောက်လို့ အခေါ်ခံရတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဒေါသမထွက်ဟု ပြောလျှင် လိမ်ရာကျဦးမည်။ မေမေနဲ့မျက်နှာပေါက်ချင်းသွားတူတာ၊ ခန္ဓာကိုယ်သေးတာ၊ ဒါတွေကလွဲ ကျန်တာ ယောင်္ကျားလေးတစ်ယောက်လို နေထိုင်တယ်၊ပြုမူတယ်။ခပ်လှလှ မိန်းကလေးတွေကို မြင်မိရင်တောင် စိတ်ထဲကနေ ကြိတ်သဘောကျမိတဲ့ အခိုက်အတန့်တွေရှိတယ်။ဒါတောင်မှ ကိုယ့်အမှားမဟုတ်ပါဘဲ ကဲ့ရဲ့လှောင်ရယ်တတ်ကြတဲ့  ပတ်ဝန်းကျင်အချို့ကို ကျွန်တော် နားလည်လို့ရအောင် မတွေးတတ်တော့။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now