အပိုင်း(၃၀)

24.9K 1.4K 121
                                    

Unicode

"ချစ်တယ်"

သစ်ရွက်လှုပ်တိုင်း ရင်ခုန်တတ်တဲ့အရွယ်ကတည်းက လွမ်းစေသော်ဆိုတဲ့ ခပ်နောက်နောက် ကောင်လေးဆီမှာ မြှုပ်နှံထားတဲ့ နှလုံးသားကို ဘဝမှာ ပထမဆုံးပြောဖူးတဲ့စကားနဲ့ ဖွင့်ဟလိုက်မိတဲ့ ဒီနေရာဒီအချိန်ဟာ ကျွန်တော့်ဘဝမှာ အကြည်နူးဆုံးအချိန်ဖြစ်နေမလား။

"ဘာ"

ကျွန်တော့်အပြုံးတွေကို ရေရှည်မတည်တံ့စေလို လွမ်းစေသော်ရဲ့ အာမေဋိတ်သံက ငြင်းဆန်လိုမှုလားအံ့သြသွားမှုလား ကြောက်ရွံ့မှုလား ဘယ်အရာတွေရောယှက်နေမလဲ။ ခေတ္တတာမင်သက်နေတဲ့ လွမ်းစေသော်က ကျွန်တော့်ကိုတစ်ချက်ကြည့်ရင်း လှည့်ထွက်သွားတာက အခန်းထဲကထွက်သွားတော့မဲ့လူလို။မဟုတ်ဘူး ကျွန်တော့် ဘဝထဲကနေထွက်ခွာသွားတော့မဲ့လူလိုမျိုး။ထိုင်နေရာကဝရုန်းသုံးပါးထရင်း လွမ်းစေသော်လက်ကို မလွှတ်တန်းကိုင်ဆွဲကာ  တုန်လှုပ်နေတဲ့မျက်ဝန်းတွေကို စူးစိုက်ကြည့်ရင်း

"ငါ မင်းကိုချစ်တယ် လွမ်းစေသော်"

"မဖြစ်ဘူး"

ပင့်သက်ရှိုက်သံနဲ့အတူ ထွက်ပေါ်လာတဲ့ ငြင်းဆိုစကားက ပြတ်သားသည်။ဒါကဘာအချိုးလဲ လွမ်းစေသော်။ဘာလို့ဟန်ဆောင်နေရတာလဲ။ကျွန်တော် နားမလည်သလို ကြည့်ရင်း

"ဘာလို့မဖြစ်ရမှာလဲ"

တိုင်ကပ်နာရီရဲ့ စက္ကန့်လက်တံသံကြားမှာ စိမ်းသက်နေတဲ့လေထု။ဖြိုခွင်းလိုက်တဲ့ လေသံတိုးတိုးကို  ကျွန်တော်နားနဲ့ဆက်ဆက်ကြားလိုက်ရသည်။ဖြစ်နိုင်ရင် ကျွန်တော်မကြားဘဲနေလိုက်တာမှပိုကောင်းမယ်။
"ငါတို့နှစ်ယောက်ကယောင်္ကျားလေးတွေ"တဲ့လေ။ကျွန်တော် ဆုတ်ကိုင်ထားတဲ့ လက်ကိုဖြုတ်ချပြီး လွမ်းစေသော်ကို လက်သီးနဲ့ထိုးပစ်ချင်သလိုလို။လွမ်းစေသော် မသိဘူး။ဒီတစ်ခါညာရင် ကျွန်တော်တို့ တစ်သက်လုံးလွဲပြီဆိုတာ။ကျွန်တော့်လက်ညိုးကို လွမ်းစေသော်ရင်ဘတ်တည့်တည့်ဆီ အားနဲ့ထိုးချရင်း

"မညာနဲ့ လွမ်းစေသော် မညာနဲ့  ဒီတစ်ခါ မင်းညာရင် ငါတို့တစ်သက်လုံး ဝေးပြီပဲ"

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now