Unicode
"မခင်စိန်မှ ဆေးခြင်းတစ်ခြင်းလှူဒါန်းသွားပါတယ်ခင်ဗျာ"
"ဟျောင့်တွေ ဒီကို တစ်ပွဲချပေးဦး"
"တစ်ပွဲထပ်ပေးပါဦး"
"လာပြီ လာပြီ"
"အူဝဲ ဗြဲ...."
စျေးဘုရားပွဲ စတင်ကာ အလှူခံဌာနရဲ့ ကြေငြာသူကတစ်သံ။မုန့်ဟင်းခါး လာသောက်ကြတဲ့သူတွေဆီက တစ်သံမျိုးစုံ ဆူညံ့လျက်ရှိသည်။ ကျွန်တော်သည်လည်း လူမူရေးကောင်းလွန်းတဲ့ လွမ်းစေသော်ကြောင့် မနားရသေး။ လွမ်းစေသော်က"ချစ်ငယ် မုန့်ဟင်းခါးထိုင်စားနေ ငါကူပေးလိုက်ဦးမယ်"ဟုပြောပါသည်။သည်လိုပြောနေမှတော့ ဘယ်သူကငုတ်တုတ်ကြီး ထိုင်ကြည့်ရလောက်အောင်ထိ ကျွန်တော် စိတ်ထားမသေး။စျေးသူစျေးသားတွေစုပေါင်းအလှူလုပ်သည်မို့ အဘက်ဘက်မှ စျေးသူစျေးသားအချင်းချင်း ဝိုင်းကူပေးကြသည်။မုန့်ဟင်းခါးကို ဗိမာန်တော်အတွင်း ကျွေးစေကာ မုန့်ဟင်းခါးပွဲတွေ ချပေးရမဲ့နေရာ ချပေး။ ရေဗူးမရှိတဲ့ဝိုင်းတွေ ရေဗူးတွေချပေး။ လွမ်းစေသော်လည်း ကျွန်တော့်ကို အာရုံသိပ်မစိုက်နိုင်တော့။ တစ်စျေးလုံးက လာစားသောက်ကြတာမို့ လူတော်တော်များသည်။ အနည်းငယ် ပင်ပန်းသော်ငှား ပတ်ဝန်းကျင်နဲ့သိပ်မထိတွေ့ရတဲ့ ကျွန်တော်က သည်လိုလူအများထဲ ဝင်ဆန့်တယ် ဆိုတဲ့အသိကြောင့် အနည်းငယ် စိတ်ကျေနပ်သွားသည်။ လူအနည်းငယ် စဲသွားမှ ကျွန်တော်ရော လွမ်းစေသော်ပါ အေးအေးလူလူ မုန့်ဟင်းခါး ထိုင်စားရတော့သည်။ လုံးလုံးက ကျူရှင်ကနေကြိုလာကတည်းက လွမ်းစေသော်နားသာကပ်သည်။လုံးခုံးသည်လည်း ကျွန်တော်တို့နဲ့အတူတူ မုန့်ဟင်းခါး စားနေလေသည်။ ဆံပင်က မညှပ်ထားရတာကြောင့် မျက်စိဖုံးမိနေတာက အခါခါ။ ရုတ်တရက်ဆိုသလို ကွေးကောက်ကောက် ဆံနွယ်လေးတွေထဲ ဝင်ရောက်လာတဲ့ လက်တစ်စုံ။ ဇွန်းကိုင်ထားတဲ့ ကျွန်တော့်လက်တွေက တုန်ရီလာကာ မသိမသာ ဟန်ဆောင်ရင်း မုန့်ဟင်းခါးသာငုံ့စား နေလိုက်၏။ ထို့နောက်တွင် ကျွန်တော့် ရှေ့ကျနေသည့် ဆံပင်မှာ ချည်နှောင်ခြင်းခံလိုက်ရ၏။
"ဆံပင်က တော်တော်ရှည်နေတာပဲ စည်းလိုက်မယ်နော် မဟုတ်ရင် ဆံပင်လှန်တင်နေရတာနဲ့ကို ကောင်းကောင်းစားရမှာ မဟုတ်ဘူး"
![](https://img.wattpad.com/cover/334125258-288-k472757.jpg)
YOU ARE READING
အချစ်ထက်သာလွန်သော[Completed]
Teen Fiction"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို ချစ်လို့ပေါ့ ကောင်လေးရယ်"