အပိုင်း(၅)

37.4K 2K 118
                                    

Unicode

"လာ သွားကြမယ်"

ရီသံအနည်းငယ်စွတ်နေတဲ့အသံနဲ့ အပြင်သွားဖို့ လွမ်းစေသော်က ပြောသည်။ကျွန်တော် တစ်ချက်သာ ခေါင်းငြိမ့်ပြပြီး နံရံတွင် ချိတ်ဆွဲထားသော မှန်သို့ ကိုယ့်ကိုကိုယ်တစ်ချက်ပြန် ကြည့်လိုက်မိသည်။ကျွန်တော့် မျက်လုံးပင် ပြူးသွားကာ ဘုရားပင်တမိတော့၏။လွမ်းစေသော် ကျွန်တော့်ကို ပုံဆိုးပန်းဆိုးဖြစ်အောင် ကို လိမ်းပေးလိုက်တာ။

မနေနိုင်စွာ ကိုယ့်ပါးစပ်ကနေပါ" ဘယ်လိုကြီးလဲ "ဟု  ခပ်တိုးတိုး ရေရွတ်မိတဲ့အထိ။အခန်းထဲကထွက်သွားပြီ ဖြစ်တဲ့ လွမ်းစေသော်အား စိတ်ထဲမှ ကျိန်ဆဲရင်း
အခန်းအပြင်သို့ ထွက်လာခဲ့လိုက်သည်။သူအိမ်ပြင်ရောက်တဲ့ထိ လွမ်းစေသော်က ထွက်မလာသေး။

"ကျစ် ဘာလုပ်နေပြန်တာလဲ လွမ်းစေသော်ရာ"

စိတ်မရှည်စွာနဲ့ တစ်ချက်ညည်းညူမိလိုက်သည်။မကြာလိုက် အသားရောင်အင်္ကျီတစ်ထည်ကိုင်ပြီးထွက်လာတဲ့ လွမ်းစေသော်က ကလန့်ကလားအရပ်ဖြင့် သူ့ဆီလျှောက်လာကာ လှမ်းပေးသည်။

"ဘာလဲ"

"ရော့ မင်း ဝတ်ဖို့ အပြင်မှာနေပူတယ်"

"ဟာ တော်ပြီ အိုက်တယ်"

"စက်ဘီးစီးနေတုန်းပဲ ဝတ်လေ စျေးရောက်ရင် ချွတ်ပေါ့ "

ပါးစပ်ကနေ သူ့ကိုရှင်းပြရင်း အင်္ကျီကိုလည်းဝတ်ပေးနေသည်။ဒီကောင်ကမဟုတ်တော့ဘူး။လုပ်ချင်တာလာလုပ်နေတာ။
ငြင်းရင်လည်း စိတ်ဆိုးနေဦးမည်မို့ ကျွန်တော့်မှာ မငြင်းချင်သားဘဲ အလိုက်သင့်သာနေလိုက်ရသည်။

"ငါ့အင်္ကျီဆိုတော့ နည်းနည်းကြီးနေတယ် အဆင်ပြေတယ်မလား "

သူနဲ့ခပ်ပွပွဖြစ်နေတဲ့အင်္ကျီ။အရှည်လွန်နေသည့် အင်္ကျီလက်ကို  လွမ်းစေသော်က အလိုက်တသိ လိပ်တင်ပေးနေသည်။ဒါ ကျွန်တော့်ကိုသက်သက်နှိမ်တာ။သူ့လို့ခန္ဓာကိုယ်မကြီးလို့ သူ့အင်္ကျီဝတ်ခိုင်းပြီးနှိမ်နေတာ။ကျွန်တော်လည်း ယောကျ်ားဘဲ  အသေးအဖွဲလေးကအစလိုက်လုပ်ပေးနေတာ သူ့မျက်လုံးထဲမှာ ကျွန်တော့်ကိုမိန်းကလေးတစ်ယောက်လို့ထင်နေသလား။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now