အပိုင်း(၂၈)

19.1K 1.2K 92
                                    

Unicode

၂၀၁၇ခုနစ်

ကားမှန်ကနေ တရိပ်ရိပ် ပေါ်နေတဲ့ ပုံရိပ်တွေကို ဟိုဟိုသည်သည် ငေးကြည့်ရင်း မြင်လိုက်ရတဲ့စာတန်းနဲ့အတူ သိမ့်ခနဲဖြစ်သွားတဲ့ ရင်ဘတ်။အနောက်မြောက်တိုင်းမြို့တော်မှကြိုဆိုပါ၏။ မုဒ်ဦးကို ကျော်လွန်၍ မုံရွာမြိုသို့ ဆိုက်ရောက်လာခဲ့ပြီ။လွန်ခဲ့တဲ့၁၁နှစ်က  အကြောင်းအရာအချို့နဲ့အတူ တစ်ယောက်သောသူအကြောင်းကလည်း မပါမဖြစ် အတွေးထဲ ဝင်ရောက်လာခဲ့၏။လွမ်းတယ်။

စက္ကန့်ပေါင်းများစွာ နာရီပေါင်းများစွာ ရက်ပေါင်းများစွာ ကျော်လွန်လာခဲ့တာ ၁၁နှစ်တောင်ရှိလာခဲ့ပြီ။အမျိုးမျိုးအဖုံဖုံပြောင်းလဲလာခဲ့တဲ့ တစ်လျှောက်၊ တစ်ခုပဲ။အခုချိန်ထိ ကျွန်တော့်နှလုံးသားက အတိတ်မှာ အမြစ်တွယ်နေမိတာ။ဖြစ်ခဲ့တဲ့ အတိတ်တွေ နာကျင်ခဲ့တာတွေကို အခုချိန်မှာ ကျွန်တော် နေသားကျသွားခဲ့ပြီ။

ဆေးကျောင်း ဒုတိယနှစ်ထိ ပိတ်ရက်တိုင်း မုံရွာကို ကျွန်တော်အလည်လာဖြစ်ပေမဲ့ classwork +practical +final exam အဲ့သုံးခုပေါင်းအောင်မှ  အတန်းတတ်ခွင့်ရှိတာမို့ တစ်နှစ်ထက်တစ်နှစ်များလာတဲ့ Mbတွေနဲ့အတူ တတိယနှစ် မှာ မုံရွာဘက်ခြေဦးမလှည့်ဖြစ်တော့။အလုပ်သင်ကာလ မရောက်ခင်အထိ ဖုန်းနဲ့သာအဆက်အသွယ် လုပ်ဖြစ်ခဲ့သည်။အလုပ်သင်ကာလရောက်တော့ နေပြည်တော်က ကျန်းမာရေးဝန်ကြီးဌာနဆီသွားပြီး မုံရွာဘက် transfer လျှောက်ခဲ့ပေမဲ့ နယ်စွန်းနယ်ဖျားဒေသကိုသာ တာဝန်ကျခဲ့တော့ မိုးခေါင်ရေရှားတဲ့အပြင်လျှပ်စစ်မီးတောင် လုံလုံလောက်လောက်မရတာမို့  လိုင်းဆိုတာဘာမှန်းမသိ။အဲ့နှစ်ကစပြီး အဆက်သွယ်ပြတ်သွားခဲ့၏။တစ်နှစ်တာအလုပ်သင်ကာလအပြီးမှာ ရိုးရိုးဆရာဝန်ဘွဲ့(M.B.B.S)ရခဲ့ပြီး မကွေးဘက်တာဝန်ကျကာ နှစ်နှစ်တာ အလုပ်ကာလအပြီး မုံရွာဘက် transfer ကျလာခဲ့သည်။

ကားကွင်းစိုက်ရောက်လာသည့် အလျောက် တုံ့ကတည်းရပ်သွားတဲ့ ကျွန်တော်တို့ မှန်လုံကားလေး။ကိုယ့်အထုတ်ကိုယ်ဆွဲကာ ကားဂိတ်က နားနေခုံတန်းဆီသွားထိုင်ရင်း ဖုန်းကိုထုတ်ပြီး အဆက်အသွယ်မလုပ်တာကြာပြီဖြစ်တဲ့ ဖုန်းနံပါတ်ကို နှိပ်လိုက်၏။ဖုန်းသံ တ တီ တီ မြည်သံနဲ့ အတူ တစ်ဆတစ်ဆမြင့်တက်လာတဲ့ နှလုံးခုန်သံက အရင်တုန်းက ဆယ်ကျော်သက်လေး ကျွန်တော်လို။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now