အပိုင်း(၁၅)

26.2K 1.7K 165
                                    

Unicode

"ဂတုံးလေးနဲ့လည်း ချစ်စရာကောင်းတာပဲနော်"

"မကိုင်နဲ့လို့  အလကားဂတုံးမဟုတ်ဘူး သာသနာ့ဂတုံးကွ သာသနာ့ဂတုံး"

ဂတုံးဆံပင်ပေါက်ဖြင့် ကိုရင်လူထွက်ကို စလိုက်တော့ ပတ်ကနဲ ပြန်ပြောလာလေသည်။ ယခင်က ဆံပင်ကောက်ကောက်လေးတွေ မရှိတော့သည်မို့ အနည်းငယ် နှာမြောတသဖြစ်သွား၏။သို့သော် ယခုတွင် ဂတုံးဆံပင်ပေါက်လေးနဲ့လည်း တစ်မျိုးချစ်စရာကောင်းနေပြန်၏။ဖြစ်ပုံက တောတော် ရွာရိုးရှည်သွား၏။

ချစ်ငယ်နဲ့သူ အခန်းတူတူအိပ်ပြီး နောက်နေ့မနက်တွင် ကုတင်ဘေးမရှိတော့လို့ အိမ်အောက်ဆင်းကာ ဥပုဥ်စောင့်ပြီး ပြန်လာတဲ့အမေနဲ့ တန်းတိုးကာ "ချစ်ငယ်ကိုတွေ့မိသေးလား "ဟု မေးလိုက်တော့ အမေ့ အဖြေကြောင့် နွေခေါင်ခေါင်ကြီးမိုးကြိုးပစ်ချခံလိုက်ရသလို "မနေ့ကမင်းဆံပင်ညှပ်တာကြီးနဲ့ မနေနိုင်လို့ ဆိုပြီး ကတုံးတုံးမဲ့ အတူတူ သား ကိုရင်ဝတ်လိုက်တော့မယ် ပြောလို့ အမေအခုဘဲ ရွာဦးဘုန်းကြီးကျောင်းမှာ ဥပုဥ်စောင့်ရင်း ကိုရင်ဝတ်ပေးခဲ့လိုက်ပြီ ကုသိုလ်ရပါတယ်ကွယ်" ဆိုတဲ့ ဖြေသံအဆုံးတွင် ကျွန်တော်ကြက်သေသေသွားခဲ့သည်။

သူများကုသိုလ်ယူဖို့ အရေး ကျွန်တော့်မှာ အကုသိုလ်ပွားနေခဲ့မိသည်။ စိတ်ဆိုးမာန်ဆိုးဖြင့် စက်ဘီးနဲ့ ရွာဦးဘုန်းကြီးကျောင်းသွားလိုက်ရာ ချစ်ငယ်ကို မကျေမနပ်ပြောမိတော့သည်။ ဟုတ်တယ် နည်းနည်းပါးပါးတော့ အသိပေးသင့်တယ်မလား။

"ကိုရင်"

"ဪ ဒကာလေး"

"ကိုရင်က တပည့်တော်ကို ဘာမှမပြောဘဲ ကိုရင်ဝတ်သွားတာ တပည့်တော် မကျေနပ်ပါဘူး ဘုရား"

"ကိုရင်သာ ကိုရင်ဝတ်မယ်ဆိုပြီးပြောရင် ဒကာလေးက တားမှာလေ အဲ့တာကြောင့်မပြောဖြစ်တာပါ"

ချစ်ငယ် ပြောလိုက်သည့်စကားမှာ မှန်နေသည်မို့ ကျွန်တော်အီစလည်ကြီး ဖြစ်သွားခဲ့သည်။မတတ်နိုင်။ကျွန်တော်မှ ချစ်ငယ်ကို မခွဲနိုင်တာ။

"ဒကာလေးပြောစရာမရှိရင် သွားတော့လေ"

" ကိုရင်က တပည့်တော်ကို နှင်ထုတ်နေတာလား"

အချစ်ထက်သာလွန်သော[Completed]Tempat cerita menjadi hidup. Temukan sekarang