အပိုင်း(၂၇)

19.6K 1.2K 162
                                    

Unicode

"အာ့ အင်းးးး"

ကျွန်တော့်ညည်းညူသံက အိပ်ရေးမဝ၍ညည်းညူခြင်းလည်းမဟုတ်၊အကြောဆန့်လို့ထွက်လာတဲ့ညည်းညူခြင်းလည်းမဟုတ်။အသားနာ၍ ညည်းညူခြင်းသာ ဖြစ်သည်။အိပ်ရေးမဝမှန်း သိသာစွာ မျက်လုံးများက မပွင့်တပွင့်။အရှိန်ယူကြည့်မိတော့ ကျွန်တော့ရင်ဘက်ကို အားရပါးရကိုက်ခဲနေတဲ့ ချစ်ငယ်။ကျွန်တော့်လက်မောင်းပေါ် ခေါင်းခုရင်း အိပ်နေကာ ပူးကပ်နေတဲ့အနေအထားက ကျယ်ပြန့်နေတဲ့ကုတင်ကို လှောင်ပြောင်နေသလို။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မှာ ကျွန်တော့်ရင်ဘက်ကို အားရပါးရကိုက်နေသည်မှာ သက်သေပင်။ဒီလိုအိပ်နေပုံနဲ့ ဆရာဝန်ဖြစ်ရင် မလွယ်ဘူး။ တိုင်ကပ်နာရီကိုတစ်ချက်ကြည့်ရင်း ခန္ဓာကိုယ်ကို အနည်းငယ်ကြွ၊ လက်မောင်းကို အသာဖယ်ရင်း လက်တစ်ဖက်နဲ့ ချစ်ငယ်ခေါင်းကို ထိန်းကိုင်လို့  မနှိုးအောင် ပြုမူရသည်မှာ ငြင်ငြင်သာသာ။

စွပ်ကျယ်အင်္ကျီကိုချွတ်လိုက်တော့ ရင်ဘက်ပေါ်က ထင်းနေတဲ့သွားကိုက်ရာ။ကိုက်ရာကို ဖွဖွလေးထိရင်း ပြုံးနေသည်က အသားမနာသလို။မျက်နှာသစ်ဖို့အောက်ဆင်းတော့ ကြက်သားဟင်းနံ့က ခပ်သင်းသင်း။မျက်နှာကိုဖြစ်သလိုသစ်ရင်း မီးဖိုချောင်ထဲက အမေ့ဆီသွားကာ

"အမေ ဘာတွေချက်နေတာလဲ"

"ကြက်သားချက်ကို ဘူးသီးလေးနဲ့ အတို့အမြုတ်ရယ် ချဥ်ရည်ရယ်"

ရေစိုလက်စမျက်နှာကို ပုခုံးပေါ်တင်ထားတဲ့ တဘတ်နဲ့ ဖြစ်သလိုသုတ်ကာ ပန်းကန်ဆေးနေရင်း စကားပြန်ပြောနေတဲ့ အမေ့ကို မနေနိုင်စွာတားလိုက်ပြီး

"ပေးပေး အမေ ကျွန်တော် ဆေးလိုက်မယ်"

"ဒါနဲ့ သားချစ်ကော"

"အိပ်နေတယ် အမေ ခဏနေရင် သွားနှိုးလိုက်မယ် သင်တန်းချိန် နီးနေပြီဆိုတော့"

"အေးအေး ဒီကလေးလည်း စာမှစာဘဲ အင်းလေ အဲ့လိုလုပ်မှလည်း တော်ကာကြတာ ငယ်ချစ်ဦးကိုကြည့် ၁၀တန်း ၆ဘာသာဂုဏ်ထူးထွက်တာတောင် English စာသင်တန်းတတ်နေတာ ကိုလွမ်း မင်းလည်း သင်တန်းတစ်ခုခုတတ်ပါလား"

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now