အပိုင်း(၈)

28K 1.7K 36
                                    

Unicode
Recommended song _ဖိုးကာ.တိုးတိုးလေးပြောပါ

အမေးစကားနောက်က အဖြေစကားတို့က ကျွန်တော့်မာနတရားတို့ကို ဖြိုဖျက်ရင်း အရှက်တရားတို့ ကိန်းဝှက်လာစေခဲ့၏။ဘာစကားမှမဆိုဘဲ ကိုဇမ်းဆိုသူ၏ အိမ်တည်နေရာကို မသိပါပဲ ရှေ့ကနေထွက်လာပြီးနောက်တွင် လွမ်းစေသော်ရဲ့ အော်သံလွင်လွင်က ကျွန်တော့်နားစည်ဆီ ရိုက်ခက်လာသည်။

"ဟေ့ ကောင်လေး...ကိုဇမ်း အိမ် သိလို့ရှေ့ကနေ သွားနေတာလား"

လွမ်းစေသော်ဆိုတာ အဲ့လိုကောင်။ကျွန်တော့်ကို မျက်နှာပူအောင် အမြဲလုပ်တယ်။မျက်နှာချင်းမဆိုင်ရဲလို့ ခေါင်းရှောင်လာပါသည်ဆိုကာမှ မေးပုံကကြည့် "အိမ်သိလို့သွားနေတာလား" တဲ့။သည်ကောင်ကတော့။

မျက်နှာပူပူနဲ့ လက်ကယောင်ယမ်းကာ ဘယ်ဘက်နားရွက်တွင် နေရာယူထားသည့် ကံ့ကော်ပန်းလေးကိုကိုင်မိသွား၏။မိနစ်အပိုင်းအခြားမှ အတိတ်ကာလဆီ မထင်မှတ်စွာ ကူးသမ်းသွားရင်း လွမ်းစေသော်စကားတို့ကို ကြားယောင်လို့ ကျွန်တော့် ပါးပြင်နှစ်ဖက်က ပူနွေးလျက်။တောက်..ဘာရှက်စရာပါလို့လဲ၊
မပန်ဘူးကွာ။မပန်ဘူး။စိတ်တိုတိုနဲ့ ကံ့ကော်ပန်းကိုမပန်တော့ဘဲ ကျွန်တော့်အိတ်ထောင်ထဲသို့ ထိုးထည့်ထားလိုက်၏။

ငါးပြာရည်နံ့သင်းသင်းက ကျွန်တော့်အတွေးများကိုပြေပျောက်သွားစေကာ နှာခေါင်းထဲထောင်းကနဲ ဝင်လာသည်မို့ နှာခေါင်းရှုံ့မိသွား၏။
ငါးပိတော့ကြိုက်သော်ငှား ငါးပြာရည်နံ့ကိုတော့ ကျွန်တာ်မကြိုက် တော်တော်ဆိုးရွားသည်။ကျွန်တော်ကြည့်မိတော့ ငွေဇင်ယော် ငါးပိ၊ငါးပြာရည် ရောင်းဝယ်ရေးဆိုတဲ့ ဆိုင်းဘုတ်..

ထိုအချိန် ကျွန်တော့်နောက်တွင်ပါလာတဲ့ လွမ်းစေသော်က နံဘေးနားရောက်လာပြီး ခပ်အေးအေးပြောသည်။

"ဒီလမ်းဘက် ချိုးလိုက် လာ တွေ့လား အုတ်တံတိုင်း အဖြူနဲ့ဟာ အဲ့တာ ကိုဇမ်းတို့အိမ်"

ထိုအခိုက်တွင် ကျွန်တော့်လည်ချောင်းမှာ ခြောက်ကပ်ကာ လေသီးသွားပြီး ချောင်းတစ်ဟွတ်ဟွတ်ဆိုးနေသည်မှာ မရပ်တော့။ထိုအခါ လွမ်းစေသော်က ကပြာကယာဖြင့် ကျွန်တော့် နောက်ကျောကို ပွတ်သပ်ပေးကာ

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now