တော်ဝင်အိမ်ရှေ့စံ Part8
"ပြောလိုက်စမ်း မင်းငါကိုယ်တော်ကို လှောင်စရာလို့မြင်နေတာလား"
"မမြင် မမြင်ဝံ့ပါဘူး အရှင်မင်းကြီး"
"ဒါဆိုရင် ဘာလို့ ငါ့ကို ဒီဆေးညွှန်းအတိုင်းဘဲ ပေးနေရတာလဲ မသက်သာဘူးလို့ပြောနေတယ်လေ"
ရှင်းဒဲဟာ လည်ပင်းကြောတွေထောင်ထနေပီး
"ထွက်သွားးး ထွက်သွားးးကြစမ်း"
သူပြောနေသည်ကို ဂရုမစိုက်စွာ မိန်းမပျိုတစ်ယောက် ဝင်လာသည်
"ငါထွက်သွားလို့ပြောနေတယ်"
ထိုမိန်းမပျိုက သူမလက်ချောင်းလေးများဖြင့် သူမမျက်နှာပုဝါကိုဖယ်ရှားလိုက်သည်
"ရှင်း...."လှပနုနယ်လှတဲ့သူမမျက်နှာလေးသည် ပြုံးနေသောအခါ ပိုလှနေသည်
ညို့အားတစ်ခုရှိတဲ့ သူမမျက်ဝန်းများထဲတွင် ချစ်ခြင်းတရားများပြည့်လို့နေသည်
"လျန်ဟွားးး ငါကိုယ်တော် မင်းနဲ့ ကစားပေးဖို့အချိန်မရှိဘူး"
လျန်ဟွား သူမရှေ့မှ လူမမာလို ဖြူဖျော့နေတဲ့အမျိုးသားကိုကြည့်မိသည်
သူ့အကြည့်တွေက သူမဆီ ရှိမနေပေ ဘယ်တုန်းကမှပေါ့သူ့အတွက်တော့ သူမဟာ အလွန်စိတ်ရှုပ်ဖွယ်ကောင်းတဲ့ သူတစ်ယောက်
သို့သော် လျန်ဟွား ချစ်နေမြဲပင်ဖစ်သည်
ဘယ်လောက်ဘဲ အေးစက်ကာနှင်ထုတ်နေပါစေ သူ့အနားမှာဘဲ အမြဲရှိနေချင်သည်"အရှင်"
သူမအခေါ်အဝေါ်ကိုပြောင်းလဲလိုက်ရသည် သူစိတ်ကြည်မနေပါ"လျန်ဟွားမှာ သတင်းထူးတစ်ခုပါတယ် အထူးသဖြင့် အရင် အိမ်ရှေ့စံပေါ့"
"ရွှမ်းးးး"
ရှင်းဒဲရဲ့ဓားသွားက သူမလည်ပင်းပေါ်ရောက်သွားသည်
ရှင်းဒဲရဲ့မျက်လုံးတွေက ရဲတောက်လို့နေသည်"လျန်ဟွားးး ငါကိုယ်တော် မင်းနဲ့ကစားနေဖို့ အချိန်မရှိသေးဘူးလို့ပြောနေတယ်"
သူမဟာ အေးစက်ကာထက်မြနေတဲ့ဓားသွားကို ပန်းတစ်ပွင့်ပေးနေပုံအလား ယူဆသည်ထင်သည်
BẠN ĐANG ĐỌC
တော်ဝင်အိမ်ရှေ့စံ(complete)
Tiểu thuyết Lịch sửအသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......