တော်ဝင်အိမ်ရှေ့စံ Extra 2
ရှင်းဒဲ လင်းနေတဲ့ အလင်းရောင်ကြောင့် သူ့မျက်မှောင်တွေကြုံ့သွားရသည်
သူမျက်လုံးတွေဖွင့်လိုက်တဲ့အခါမှာတော့ သူ့ကို ကြိုဆိုနေတာ ချယ်ရီပွင့်ဖတ်တွေဖစ်သည်
သူလှဲနေရာမှထလာသည် သူဟာချယ်ရီပင်အောက်မှာထိုင်နေခြင်းဖစ်သည်
သူ့လက်ပေါ်တင်နေတဲ့ ချယ်ရီပွင့်ဖတ်လေးကို ကြည့်မိတော့ သူ့လက်များက သေးငယ်နေသည်
ထို့အပြင် သူဟာ နန်းတွင်း မင်းညီမင်းသားများလိုဝတ်စားထားသည်
"ရှင်း"
သူ့စိတ်ရှုပ်ထွေးမှုများ အဆုံးမသတ်ခင်မှာ ပျော်ရွှင်ကြည်လင်နေတဲ့အသံလေးဟာ ခေါ်လာသည်ကလေးမလေးပါဘဲ သူမဟာပိန်လွန်းပီး ဖျူဖျော့နေသည်
ခပ်ဖွဖွပြေးလာတာကိုမှ သူ့အနားရောက်တော့ မျက်နှာလေးတွေရဲနေပီး အသက်ရှူမဝသလို လေကိုရှူနေရတဲ့ သူမကိုကြည့်ကာ သူ့ရင်ထဲ အောင့်လာသည်
သူမက အသက်ရှူတာအဆင်ပြေသွားမှ သူ့လက်ကို သူမလက်သေးသေးလေးများနဲ့ ကိုင်လာသည်
"ရှင်း ဒီနေ့ဘာဆော့မှာလဲဟင်"
သူတို့ ဒီနေ့ ဘာဆော့မှာလဲ.......?
ကောင်ငယ်လေးနဲ့ကောင်မလေးသည် ချယ်ရီပင်အောက်တွင် စွန်ခေါက်နေကြသည်
"ရှင်း ဒါက တကယ်ဘဲ ပျံတက်သွားမှာလား"
"အင်းပေါ့ ဒါကိုဆွဲပီး ပြေးရတယ်လေ"
"ဟီးဟီး ဒါဆို ဒါကိုဆွဲပီးပြေးရင် ပျံနေမှာပေါ့နော်"
သူမကပြုံးပြုံးပျော်ပျော် ပြောရင်းနဲ့မှ မျက်နှာလေး မဲ့ကျလာသည်"ဒါပေမဲ့ ဟွားလေးမပြေးနိုင်လောက်ဘူး"
သူဟာ ညစ်ကျယ်ကျယ်ပြုံးမိသွားပီး စွန်ကိုဆွဲကာ ပြေးပြတော့သည်
စွန်ဟာ လေအဝှေ့ တစ်ချက်တစ်ချက်မှာ မြင့်တက်သွားပီး ကောင်းကင်ပေါ်ရောက်သွားတော့သည်
ကောင်မလေးဟာ ကောင်းကင်ပေါ်က စွန်ကို နှုတ်ခမ်းလေး ဟကာ မော့ကြည့်နေသည်
ESTÁS LEYENDO
တော်ဝင်အိမ်ရှေ့စံ(complete)
Ficción históricaအသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......