"ဟိုဘက်မှာ ဟိုဘက်မှာ "
မီးတုတ်တွေ တရမ်းရမ်းနဲ့နောက်ကပြေးလာတဲ့ရဲမက်တွေဟာ သူ့အသက်ကိုခြွေယူဖို့ မညှာမတာနီးကပ်လာခဲ့တယ်
သူ့ရင်ဘတ်က ဓားဒဏ်ရာနဲ့ခြေထောက်က ဒဏ်ရာဟာ သူ့ကိုအမြင်အာရုံတွေကိုပိုဝေဝါးစေတယ်
သူဟာသူ့ရဲ့လက်စွဲတော်ဓားကို မြေကြီးပေါ်ထောက်ရင်း အားယူကာ ပြေးနေခဲ့တယ်
"ဝှီး...ဝုန်း...ဝုန်း"
ချောက်ကမ်းပါးကို ရိုက်ခတ်လာတဲ့ ရေလှိုင်းသံတွေဟာ သူ့ကို ရပ်တန့်စေခဲ့တယ်
သူ့ရှေ့မှာပြေးစရာမြေမရှိတော့ပီ
တော်ဝင်အိမ်ရှေ့စံရဲ့ အဆုံးသတ်ဟာ ဒါဘဲလား
ပင်လယ်လေကို ဝအောင်ရှူလိုက်ပီး သူဟာဖြည်းဖြည်းချင်းနောက်ကိုလှည့်လိုက်တယ်နက်မှောင်နေတဲ့ သူ့ရဲ့မျက်ဝန်းတွေထဲ ဝမ်းနည်းမှု နာကျဉ်းမှုတွေနဲ့ ပြည့်နှက်လို့နေတယ်
လမိုက်ညရဲ့ အလင်းရောင်ဟာ သူ့ရဲ့ ခန္ဓာကိုယ်ပေါ် ဖြန့်ကျက်လို့ထားတယ်
သွေးတွေစွန်းထင်းနေခဲ့တာတောင်ချောမောခန့်ညားပီး ယောကျ်ားပီသတဲ့ သူ့ရဲ့မျက်နှာကို ရုပ်ဆိုးမသွားစေခဲ့ဘူးအေးစက်တဲ့ ဓားရဲ့အထိအတွေ့ဟာ သူ့လည်ပင်းကိုရောက်လာခဲ့တယ်
"ရှင်းဒဲ...."
သူ့ရဲ့ချစ်လှစွာသော ညီငယ် အမြဲနေမကောင်းဖစ်နေပီး သိမ်မွေ့တဲ့အပြုံးလေးနဲ့ အကိုတော်လို့ခေါ်တိုင်း သူဟာ ညီငယ်ကို တခြားမောင်နှမတွေထက် ပိုချစ်ခင်ရင်းနှီးခဲ့တယ်အခုတော့ သူ့ရှေ့မှာ သူ့ညီငယ်ဟာ သူမမြင်ဖူးတဲ့ ဘက်အခြမ်းကို ထုတ်ပြလာခဲ့ပီ
"အကိုတော် ညီတော်ကို ပြုံးပြပါဦးလား"
သူဟာ ဒီအချိန်မှာတော့ နာကျည်းစွာသာ ပြုံးခဲ့မိတယ်
"ဘယ်အချိန်ထဲကလဲ ဘာလို့လဲ""မုန်းလို့ သေလောက်အောင် မုန်းလို့
မယ်တော်ဟာ အကိုတော့်မယ်တော်ကြောင့် ကံတော်ကုန်ခဲ့ရတာ"ဖြူစင်စွာကြည်လင်ခဲ့တဲ့မျက်ဝန်းတွေထဲ အမုန်းတရားတွေ ပြည့်နေတဲ့ ညီငယ်ရဲ့မျက်ဝန်းတွေကိုကြည့်ရင်း ဒီအထင်လွဲခြင်းတွေကို သူမဖြေရှင်းနိုင်တော့မှန်းသိလိုက်တယ်
ESTÁS LEYENDO
တော်ဝင်အိမ်ရှေ့စံ(complete)
Ficción históricaအသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......