တော်ဝင်အိမ်ရှေ့စံ Part 5
"အ ဘာလဲကွ"
ဟဲလီနောက်ကိုလှည့်ကြည့်တော့ ဘာမှမရှိအထင်မှားတာမှတ်၍ ပြန်လှည့်သွားစဉ် ခဲဖြင့်ထပ်ပေါက်ခံလိုက်သည် ဒီတစ်ခါတော်တော်နာတယ်
"ထွက်ခဲ့စမ်း ခွေးသား"
ဟဲလီ ဒေါသထွက်ထွက်နဲ့ တုတ်ကိုကောက်ကိုင်ကာ
ဆော်ပလော်တီးရန် ပြင်လိုက်သည်သို့သော် ထိုအစား သူသာ အတီးခံလိုက်ရသည်
သတိလစ်မေ့မျောသွားသည်ထိ အဝတ်အုပ်အရိုက်ခံလိုက်ရတာကြောင့် သူ့ကိုရိုက်တဲ့သူဟာ မည်သူမှန်းမသိတော့ပါယောဂျူသည် သူ့အား ရိုက်နှိက်ခဲ့သော ဟဲလီကို သေသည်ထိမသတ်ခဲ့ပေ
"ကျေးဇူးရှင်လေး မင်းကြောင့် မှတ်ညဏ်တွေပြန်ရခဲ့တာမို့ သတ်တော့မသတ်တော့ဘူး"
ခဏအကြာ ဟဲလီ ဘော်ဒါများ သေရည် တမြမြနဲ့ရောက်လာကြကာ ဟဲလီရှိနေသော ခြုံထဲသို့သေးပေါက်တော့သည်
"ဟဟ ဘာလဲဟ"
"ဟဲ ဟဲလီမလား"
"ပီးတော့ ဒီကောင် အကျီလည်းမပါဘူး"
ဟဲလီမှာ သူ့ဘော်ဒါများအရီခံခဲ့ရသည့်အပြင် ရွာသူကြီး သူ့အဖေ့ရဲ့ထိပ်တုံးခတ်တာခံလိုက်ရသည်
မိန်းမပျိုများအတွက် အမြင်မတော်စေသော သူ့အပြုအမူကြောင့်ပါတဲ့လေ
..............................................
"အရှင် အားလုံးပြင်ဆင်ထားခဲ့ပီးပါပီ အရှင်ပြောခိုင်းတဲ့အတိုင်းပြောလိုက်တော့ သူတို့လက်ခံသွားတယ်"
"ကောင်းပီ အခုတလောတော့ ခြေရာဖျောက်နေလိုက်ဦး လှုပ်ရှားနေတဲ့သတင်းက လုံးဝထွက်လို့မရသေးဘူး အလောတကြီးလှုပ်ရှားမိရင် အစီအစဉ်တွေပျက်ရလိမ့်မယ်"
"မှတ်သားထားပါတယ် အရှင်"
ဂျောင်ယိုနဲ့ သူ့အရှင်ဟာ သစ်ပင်ကိုင်းမှာ ကိုယ်ဖော့ရပ်နေကြသည်
ဟိုးအဝေးမှ တရွေ့ရွေ့လာနေတဲ့ မိန်းမငယ်လေးကို သူ့အရှင်ဟာ နူးညံ့တဲ့မျက်ဝန်းတွေနဲ့ကြည့်နေတယ်
အရှင်ဟာ တကယ်ဘဲ ထိုမိန်းကလေးအပေါ်မေတ္တာသက်ဝင်နေပီလား
သို့ပေမဲ့ အခြေအနေတွေဟာ သူတို့ကို ဆက်ပီးနီးစပ်စေဦးမှာလား တွေးကာ ပူပန်သွားရသည်
KAMU SEDANG MEMBACA
တော်ဝင်အိမ်ရှေ့စံ(complete)
Fiksi Sejarahအသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......