တော်ဝင်အိမ်ရှေ့စံ Extra 1
သွေးတွေလွှမ်းနေတဲ့ နန်းရင်ပြင် အော်ဟစ်ညီးတွားသံတွေ မျက်ရည်တွေနဲ့ မှုန်ဝါးဝါးမျက်နှာလေး.........
ရှင်းဒဲ ချွေးတွေနစ်စွာ အိပ်ရာမှ နိုးထလာသည်
"အ"
သူ့ရင်ဘတ်က အောင့်တက်လာမှုကြောင့်ဆုပ်ကိုင်လိုက်သည်နောင်တရခြင်းတွေများစွာ သူ့ရင်ထဲမှာသာကျန်ခဲ့ပီး သူမြင်ခဲ့တဲ့ပုံရိပ်တွေဟာ အရမ်းကိုဝေဝါးနေခဲ့သည်
သူဟာ အမြဲတမ်းနောင်တရနေခဲ့တာ ဘာကိုနောင်တရနေသလဲသူမသိပါ
စိတ်ရှုပ်စွာဘဲ ခပ်တိုတိုဆံပင်တွေကို သပ်တင်လိုက်ပီး အကျီကိုချွတ်လိုက်သည်
ရေမှုန်တွေကြောင့် ဝေဝါးနေတဲ့ မှန်မျက်နှာပြင်ကို လက်ဖြင့်သုတ်ချလိုက်သည်
စူးရှနေတဲ့မျက်ဝန်းတွေဟာ တည်ကြည်ပြတ်သားသည့်သဘောကိုဆောင်သည်
သူအပြင်ထွက်လာတော့ ကုတင်ပေါ်မှာ အသင့်ထုတ်ထားပေးပီး ဖစ်တဲ့ ဝတ်စုံရှိနေသည်
သူမျက်မှောင်တွေကြုံသွားရကာ တခြားဟာသာ ယူဝတ်လိုက်သည်
အပိုတွေမလုပ်ပါနဲ့ ပြောထားရက်နဲ့ သူမက လုပ်ထားပြန်သည်
လက်ဆွဲအိတ်ထဲလိုအပ်သည်များထည့်ကာ
အောက်ထပ်ကို ဆင်းလာလိုက်သည်မီးဖိုထဲမှ အသံများကြားတာကြောင့်ကြည့်လိုက်စဉ် သူ့ကို ကျောပေးကာ ချက်ပြုတ်နေတဲ့ပုံရိပ်လေး
သူမက သူ့ဘက်ကိုလှည့်လာသည်
သူ့ကိုမြင်တော့ သူမက ခပ်သာသာလေးပြုံးပြပီး သူမနဖူးမှာစို့နေတဲ့ ချွေးလေးတွေကို သုတ်သည်
ဘာမှမပါတဲ့ သူမရဲ့ သဘာဝမျက်နှာလေးမှာပင် အရမ်းလှနေသည်
နောက်ပီး သူမရဲ့မျက်ဝန်းတွေ အဲ့တာတွေက အရမ်းဆွဲဆောင်မှုရှိနေတယ်သူမုန်းတာဟာလည်း ဒီမျက်လုံးတွေပါဘဲ........
ရီလျန်ဟွား သူမဟာ သူအလိုမတူပါဘဲ ယူထားသည့်မိန်းမ
သူမက သူမရဲ့ဖခင်နဲ့အတူ အကွက်ချကာ သူ့ကိုဆေးခတ်ခဲ့သည်
သူနဲ့သူမလက်ထပ်ထားတာ ၃လမျှရှိနေပီဖစ်သည်
أنت تقرأ
တော်ဝင်အိမ်ရှေ့စံ(complete)
أدب تاريخيအသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......