တော်ဝင်အိမ်ရှေ့စံ Part 17

6.7K 226 4
                                    

တော်ဝင်အိမ်ရှေ့စံ Part 17

ဟူဘင်းရဲ့မျက်ရည် တစ်စက်ဟာ သွေးတွေလွှမ်းနေတဲ့ နန်းတော်ရင်ပြင်ပေါ် ကျသွားခဲ့သည်

ဘေးဘီမှ တိုက်ခိုက်နေကြသူများလည်း ရပ်တန့်ကုန်ကြသည်

စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းသည် နန်းရင်ပြင်တွင် ဖစ်လို့နေသည်

"ရှင်းးး......"

ရှင်းဒဲ သူ့ရဲ့မျက်နှာကို လက်ချောင်းသွယ်သွယ်လေးများက ထိတွေ့လာတာကိုခံစားမိသည်
အမှောင်ဖုံးနေတဲ့ သူမျက်လုံးများတဖြည်းဖြည်းကြည်လင်လာချိန်မှာတော့ မျက်ရည်တွေပြည့်နေပီး ချစ်ခြင်းတရားတွေ ရှိနေတဲ့ မျက်ဝန်းတစ်စုံကို သူတွေ့လိုက်ရသည်

"လျန်ဟွား......"

"အဟွတ်...."
လျန်ဟွားဟာ သွေးတစ်ပွက်အန်လာသည်

သူမငုံ့ကြည့်ရာ နေရာကိုကြည့်မိတော့ ဓားတစ်ချောင်း သူကိုယ်တိုင် သူမ နှလုံးအိမ်ကို ထိုးခဲ့ခြင်းဖစ်သည်

"လျန် လျန်ဟွားး......"

သူတုန်လှုပ်စွာ ဓားလက်ကိုင်ကို လွှတ်လိုက်ပီး ပြိုလဲလာတဲ့ သူမကို ရင်ခွင်ထဲ ထွေးပွေ့ယူလိုက်သည်

စိမ့်ထွက်လာတဲ့သွေးအများအပြားကို လက်တွေနဲ့မနိုင်နင်းစွာ ဖိနှိပ်နေမိသည်

"ဟင့်အင်း လျန်ဟွား"

လျန်ဟွားက သူ့ကို မော့ကြည့်ကာပြုံးလာတယ်

"စိတ်ပူနေတဲ့ ရှင်းရဲ့ မျက်နှာက ကြည့်ကောင်းတုန်းဘဲ"

"စကားမပြောနဲ့ ရီလျန်ဟွား"

လျန်ဟွားရဲ့ပါးစပ်ထောင့်မှလည်း သွေးများစီးကျလာသည်

"ဒီလိုလေး အမြဲတမ်း ထွေးပွေ့ခံချင်ခဲ့တာ ထင်ထားတဲ့အတိုင်းနွေးထွေးတာဘဲ"

လျန်ဟွားရဲ့ လက်ချောင်းလေးများက ရှင်းဒဲရဲ့ဝတ်ရုံစကို ခပ်တင်းတင်းဆုပ်လာပီး သူ့ကိုအလှဆုံးပြုံးပြလာသည်
သူ့ပွေ့ဖက်ထားရတဲ့ လျန်ဟွား ခန္ဓာကိုယ်လေးက ပိန်ကျနေတာကို ခံစားမိနေသည်

သူမအတော်နေမကောင်းဖစ်နေခဲ့သည်

"တောင်းပန်ပါတယ် အနားမှာ အမြဲ အတူရှိနေပေးမယ်ဆိုတဲ့ ကတိကိုမတည်နိုင်တော့ဘူး"

တော်ဝင်အိမ်ရှေ့စံ(complete)Donde viven las historias. Descúbrelo ahora