တော်ဝင်အိမ်ရှေ့စံ Part 15
သစ်ပင်တွေအုပ်နေတဲ့ နေရာတစ်ခု
ခြေရာလက်ရာတွေပျက်နေပုံအရ ဒီနားကို တစ်ယောက်ယောက်လာခဲ့ခြင်းဖစ်မည်ဟူဘင်းသတိအပြည့်နဲ့တိုးကပ်သွားပီး နွယ်များကိုဖယ်လိုက်သည်
အထဲမှ တစ်ခုခုတိုက်ခိုက်လာတာကြောင့်
သူမ လှည့်ကာရှောင်ရှားပီး အတွင်းအားအပြည့်ဖြင့်ပြန်လည်တိုက်ခိုက်လိုက်သည်"အဟွတ်"
ယောဂျူ သွေးတစ်ပွက်ပင်အန်သွားရသည်"ကိုယ့်ယောကျ်ားကိုသတ်တော့မလို့လား"
"အို...."
တိုက်ခိုက်မိလိုက်တဲ့သူမလက်ကို အမြန်ရုတ်သိမ်းပီး ပြေးပွေ့ရသည်...........................................
"ဘာလို့ချက်ချင်းပြန်မလာတာလဲ""ကိုယ် လျှို့ဝှက်ချက်ကိုရှာနေခဲ့တာ ပတ်လည်မှာရှိနေတဲ့တောင်တွေပေါ်ထိတက်ပီးတော့......
အခုတော့ ရှာတွေ့တော့မယ် ဒီည စောင့်ကြည့်ရမယ် ဟူဘင်း""ကျွန်မ ဘယ်လောက်ထိစိတ်ပူနေခဲ့မလဲ သိရဲ့လား"
"ကိုယ်သိပါတယ် အဲ့တာကြောင့် အမြန်အဆုံးသတ်နိုင်ဖို့လုပ်နေခဲ့တာ......သားတော်လေးရော"
"ကျွန်မ သားတော်လေးကို ကတိပေးခဲ့တယ် သူ့ရဲ့ခမည်းတော်ကို ပြန်ခေါ်လာပါမယ်လို့လေ"
"ဟူဘင်း...."
ယောဂျူ ပိုလှလာတဲ့ ဟူဘင်းကိုကြည့်ရင်း အချစ်တွေပိုလာရသည်
သူမဟာ သူ့ပါးကိုဖွဖွနမ်းလာသည်"ခုဏက တိုက်ခိုက်တာ ပြင်းလိုက်တာ"
"ရှင်ယူထားတာ စစ်ဗျူဟာ အမတ်ကြီး သမီးလေ ယောကျ်ားရဲ့"
ယောဂျူခဗျာ သူမရန်သူမဟုတ်ဘဲ သူမယောကျ်ားဖစ်နေတာ ကံကောင်းသည်လို့တွေးမိသည်
.................................................
ဒီညမှာ သူစီစဉ်ခဲ့တဲ့အတိုင်း ခံတပ်ကိုတိုက်ကြမည်ဖစ်၍ ယောဂျူစောင့်ကြည့်နေသည်ဘေးက ဟူဘင်းဟာလည်း သတိအပြည့်နဲ့ စောင့်ပေးနေသည်
သူ့တပ်သားတွေခံတပ်နားမရောက်ခင်မှာ ဘေးနားက အသံများကြားရ၍ ယောဂျူနဲ့ဟူဘင်းတို့ ကိုယ်ကိုကျုံ့ပီးအသက်ရှူ ဖော့လိုက်သည်
ESTÁS LEYENDO
တော်ဝင်အိမ်ရှေ့စံ(complete)
Ficción históricaအသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......