တော်ဝင်အိမ်ရှေ့စံ Part 14
ယောဂျူ သူ့ရှေ့မှ ရှင်းဒဲရဲ့ တုံ့ပြန်မှုကို စိုက်ကြည့်နေမိသည်
သေတ္တာတစ်ခုထဲမှ စာလွှာပို့တဲ့ တပ်သားရဲ့ ခေါင်းပြတ်ဖစ်ကာ နဖူးပေါ်တွင် ဓားတိုလေးစိုက်ထားသည်
ညီတော်ဟာ စစ်မက်ဖစ်ဖို့ကြော်ငြာလိုက်လေပီ
...................................
ဟူဘင်း သူမရှေ့မှ ချပ်ဝတ်တန်ဆာအပြည့်နဲ့ မြင့်မြတ်တဲ့အရှိန်အဝါများလွှမ်းနေသော သူမယောကျ်ားကိုကြည့်နေမိသည်သူဟာ အမြဲ သူမရင်ထဲမှာ မြင့်မြတ်ကာလေးစားဖွယ်ကောင်းနေသည်
သူမ မျက်လုံးထောင့်မှ မထိန်းနိုင်စွာ မျက်ရည်သီလာသည်
ယောဂျူဟာ ဟူဘင်းရဲ့ မျက်နှာလေးကို ဖွဖွအုပ်သည်
"မငိုပါနဲ့.....ကိုယ်...."
"ဟင့်အင်း နှုတ်ဆက်စကားမပြောနဲ့"
"ကောင်းပီ မင်းလည်းမငိုနဲ့ မွေးဖွားခံနီးနေပီလေ"
ယောဂျူ သူမရဲ့ဗိုက်လေးကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်သည်
"ကိုယ်မင်းအတွက် အချိုမုန့်တွေဝယ်ခဲ့မယ်"
"ရှင့်ကတိကို တည်ပါစေ"
ယောဂျူ သူမအား ဝအောင် ဖက်ပီးမှ လွတ်ပေးလိုက်သည်ဟူဘင်း ထွက်ခွါသွားတဲ့ သူ့ကျောပြင်ကို နန်းမြို့ရိုးပေါ်က ကြည့်နေမိသည်
"ပြည်သူတွေရဲ့ ဆုတောင်းမှုကြောင့် အောင်နိုင်မှုကို ဆောင်ကျဉ်းနိုင်ပါစေ"
............................................
လတွေဟာ ကြာညောင်းသွားခဲ့သည် စစ်ပွဲဟာ ဘယ်သူ့ကိုမှကောင်းကျိုးမပြုခဲ့ပါ"အီးးး အားးး"
"ထွက်လာတော့မယ် နည်းနည်းလေးအားထည့်ပေးပါ မယ်မယ်"
"အူဝဲ အူဝဲ"
"ဂုဏ်ယူပါတယ် မယ်မယ် သားတော်လေးပါ"
ဟူဘင်း သူမဘေးနားချလာပေးတဲ့ သားတော်ကိုကြည့်နေမိသည်
တစ်ပုံစံတည်းပါဘဲ သူမရဲ့ယောကျ်ားနဲ့.....
မျက်ရည်တွေဝဲကာ ပွေ့ချီမိသည်.....................................................
ဘဝတစ်ခုမွေးဖွားမှုရဲ့တစ်ဖက် စစ်မြေပြင်မှာတော့ ဘဝပေါင်းများစွာအဆုံးသတ်နေကြသည်
ВЫ ЧИТАЕТЕ
တော်ဝင်အိမ်ရှေ့စံ(complete)
Исторические романыအသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......