တော်ဝင်အိမ်ရှေ့စံ Part 13
သူ့ရှေ့မှာ တပြုံးပြုံးဖစ်နေတဲ့ သခင်မလျန်ဟွားကို သူ ဆေးမမှီနိုင်တော့ဆိုသော မျက်လုံးတွေနဲ့ ကြည့်နေမိသည်
"သခင်မ ဒီနေ့ စိတ်ပျော်နေပုံရတယ်"
ဟုတ်သည် သူမ ဒီနေ့စိတ်ပျော်နေသည် မနေ့က ရှင်း မှာ သူမအားတစ်ညလုံးစောင့်ကြည့်ပေးခဲ့သည် ဆိုသောစကားကြောင့်ဖစ်သည်
"သခင်မ နားပါဦး အတွင်းဒဏ်ရာတွေက ရောဂါဟောင်းကိုပြန်ထိထားတယ်မလား"
လျန်ဟွားတဲ့ မျက်ခုံးလှလှလေး တွန့်ချိုးသွားရသည်
"မဖစ်ဘူး ဒီနေ့က အရေးကြီးတယ် သူ့ဘေးမှာ ငါရှိနေမှ ဖစ်မှာ"
လိုအပ်တဲ့ ပစ္စည်းတွေကို သူမသေချာသိမ်းဆည်းနေသည်
ဒီနေ့ ညှိနှိုင်းရေးသည် အလွန်အရေးကြီးသည်
.................................................
ဟွေ့ရင်းကုန်း (ယောကျ်ားပြည့်တန်ဆာအိမ်)ဆေးတံရှည်က ထွက်လာတဲ့အငွေ့တွေက အခန်းတွင်းတွင် လှောင်နေသည်
ထိုဆေးတံကို သောက်နေသူက ယောကျ်ားပျိုလေး တစ်ဦး သူဟာ ဝတ်ရုံကို ကပိုကရိုသာဝတ်ထားပီး ခေါင်းအုံးပေါ်လက်တစ်ဖက်ထောက်ကာ လဲလှောင်းနေတယ်
သွယ်လျကာဖြူဖွေးနေတဲ့ ပေါင်တံလေးတွေ ခြေသလုံးလေးတွေမှာ အမွှေးအမျှင် တစ်စက်မှမရှိ
သူဟာ သူ့ရဲ့ ချစ်စဖွယ်ခပ်တိုတို ဆံပင်ပေါ်မှာ မြေခွေးပုံ မျက်နှာဖုံးလေး စောင်းပီးတင်ထားတယ်သူ့ရဲ့ ပုံစံဟာ မြူဆွယ်တတ်တဲ့ မြေခွေးလေးလိုဘဲ
သေချာမဝတ်ထားတဲ့ဝတ်ရုံကြောင့် ပြားကပ်နေတဲ့ ရင်ဘတ်ကို မြင်ရလို့သာ ယောကျ်ားပျိုလိုပြောလို့ရနိုင်ခဲ့ခြင်းဖစ်သည်"အလှလေးတစ်ယောက်ထားခဲ့"
"ရွှီ ဝှစ် ဒုတ်"
လျန်ဟွားက ဆံထိုးနဲ့ပစ်လိုက်ခြင်းဖစ်ပီး ဘယ်ကထွက်လာမှန်းမသိတဲ့ အနက်ရောင်လူကလည်း ထိုယောကျ်ားပျိုကို ပွေ့ဖက်ကာ ကာလိုက်ခြင်းဖစ်သည်
"စိတ်မကောင်းစရာဘဲ ငါတို့ထဲမှာ ဝတ်ရုံလက်ပြတ်(gayနေသူ)မပါဘူး"
VOCÊ ESTÁ LENDO
တော်ဝင်အိမ်ရှေ့စံ(complete)
Ficção Históricaအသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......