ထိုသို့နှင့် နေ့ရက်များကုန်ဆုံးပီး တစ်နေ့တွင် အစွန်းအဖျားမှာနေသောသူမအိမ်မှာ တောင်ပေါ်ဖစ်ပီးပင်လယ်ပြင်ကို အပေါ်စီးမှကြည့်လို့မြင်နိုင်သည့်နေရာဖစ်သည်
ထိုနေရာရှိသစ်ပင်ပေါ်တွင် ထိုင်နေသော ထိုလူကိုတွေ့လိုက်ရသည်
သူမလည်း ထိုနေ့ကမျက်နှာပူစရာကိစ္စများကြောင့်
ထိုသူ့အားနှုတ်မဆက်လိုပေညနေခင်းနေဝင်ချိန်တိုင်းထိုသူဟာ သူမအိမ်ရှေ့ရှိသစ်ပင်အောက်တွင် အမြဲလာထိုင်ပီး ဆေးဆရာအဖိုးလိုက်ခေါ်မှသာပြန်သွားသည်
သူမဟာလည်း မသိမသာဖြင့် သူနေ့တိုင်းလာထိုင်သည်ကို မျှော်နေမိလာသည်
၈လအကြာတွင် ဆေးဆရာအဖိုးဆုံးတဲ့သတင်းကြားမိခဲ့သည်
ထိုလူ ဒီညနေရော လာထိုင်ဦးမှာလို့ သူမသိချင်မိသည်မပျက်ကွက်ပါဘဲ သူမအလုပ်ပြန်တဲ့အချိန်မှာ သူဟာရောက်နေခဲ့ပီ
ဒီနေ့တွင်တော့ သူ့အားဘယ်သူမှလာခေါ်မဲ့သူမရှိပါ
မလှုပ်မယှက်နဲ့နေနေပီး အနွေးထည်ဝတ်မထားတဲ့သူ့ကိုကြည့်ရင်း သူမစိုးရိမ်လာမိသည်အသိစိတ်မရှိတဲ့သူဟာ ပြန်တော့မဲ့ပုံမပေါက်တာကြောင့် သူမ အနွေးထည်ယူကာ သူ့ထံသို့သွားလိုက်သည်
"ဒီမှာ ရှင် အေးနေလိမ့်မယ်"
သူမအနွေးထည်ကိုကမ်းပေးနေရင်း မျက်နှာကိုလွှဲထားလိုက်သည်တော်တော်နဲ့မယူ၍လှည့်ကြည့်မိတော့ သူမအား သူကပြုံးပြလာသည်
"ဟူးးး"ဘာလို့နားမလည်နိုင်တဲ့သူကို စကားတွေပြောနေမိမှန်းသူမမသိပါ
အနွေးထည်ကို သူမကိုယ်တိုင် သူ့အားဝတ်ပေးလိုက်ရသည်
ညနက်လာသည်နှင့်အမျှ အအေးပိုလာသောကြောင့် သူမတုန်ရင်လာလေသည်
သူမရဲ့အပေါစားအနွေးထည်တွေက ဒီအအေးဒဏ်ကိုမခံနိုင်ပါဘေးမှထိုလူအားကြည့်တော့ တကယ်ကိုပြန်မည့်ပုံမပေါက်တာကြောင့် သူမလည်း အဖိုးအို သူ့ကို အိမ်ပြန်ခေါ်တဲ့နည်းအတိုင်းသုံးကာ သူမအိမ်ရှိတင်းကုတ်အကာလေးထဲသို့သူ့အားခေါ်ရတော့သည်
أنت تقرأ
တော်ဝင်အိမ်ရှေ့စံ(complete)
أدب تاريخيအသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......