တော်ဝင်အိမ်ရှေ့စံ Part 12
သူမလည်ချောင်းတွေ ခြောက်ကပ်နေခဲ့တယ်
အမြင်အာရုံတွေရှင်းလင်းလာတဲ့အချိန် သူမ အဖြူရောင်ဇာပါးတွေကိုတွေ့လိုက်ရတယ်
နန်းတော်......သူမပြန်ရောက်လာခဲ့ပီ
အနှောင်အဖွဲ့တွေကြားက ထွက်မပြေးနိုင်ခဲ့ဘူးဘဲသူမလက်ဟာ တင်းကျပ်စွာ ဆုပ်ကိုင်ခံလိုက်ရတယ်
"ဟူဘင်းး"
စိုးရိမ်ပူပန်နေတဲ့မျက်ဝန်းတွေကို ရင်မဆိုင်ချင်စွာ မျက်လုံးကိုလွဲလိုက်တယ်
"မထနဲ့ဦး အားနည်းနေတယ် ကိုယ်တို့ရင်သွေးလေးက်ို ဂရုစိုက်ရမယ်လေ"
အားတင်းကာ ထနေတဲ့ သူမ မျက်နှာက ဖြူဖျော့သွားတယ်
သူသိသွားခဲ့ပီ......ဟူဘင်းလည်း နားလည်လိုက်တယ် သူမဘယ်တော့မှ ထွက်ပြေးနိုင်တော့မှာမဟုတ်ဘူးလို့
.............................................
ယောဂျူ အတွေးတွေရှုပ်ထွေးနေသည်မြှားပစ်စွမ်းရည် လျင်မြန်တဲ့အရှိန် ပညာသားပါတဲ့တိုက်ခိုက်ဟန်
ထို့အပြင် သူမမျက်နှာဖြူဖျော့သွားပုံအရ ကိုယ်ဝန်ရှိကြောင်းသိပီးဖစ်မည် ဒါဆိုဘာလို့မပြောပြချင်ခဲ့တာလဲ
"အရှင်မင်းကြီး အရှင်မင်းကြီး"
"အော ဂျောင်ယို ပြောလေ"
"မသင်္ကာစရာ လှုပ်ရှားမှုတွေ တွေ့ရကြောင်းပါ"
ယောဂျူမျက်နှာ မှောင်မိုင်းသွားခဲ့ရတယ်
ရန်ငြိုးတွေကို သူပြေစေချင်ပီ..................................................
"ရီလျန်ဟွား"သူ့ခေါ်သံ ခပ်မာမာမှာ သူမအသိပြန်ကပ်သွားရတယ်
သူဟာ ဘယ်တုန်းကမှ လျန်ဟွားလို့မခေါ်ခဲ့ပါ အမြဲ သူမနာမည်အပြည့်အစုံကိုသာခေါ်သည်"စိတ်ကို စုစည်းထားစမ်း"
"ဟုတ်ကဲ့ပါ အရှင်"
သူမ လက်ချောင်းလေးတွေနဲ့ ချွေးစေးတွေကိုသုတ်လိုက်သည်နောက်ကျောဘက်မှ နာကျင်မှုကို တောင့်ခံရင်း သူမအမြင်အာရုံတွေဝေဝါးလာရသည်
VOUS LISEZ
တော်ဝင်အိမ်ရှေ့စံ(complete)
Fiction Historiqueအသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......