တော်ဝင်အိမ်ရှေ့စံ part3သူမတို့ အိမ်ထောင်လေးအတွက် လိုအပ်တဲ့ပစ္စည်းများဝယ်နိုင်ရန် အလုပ်များပိုလုပ်နေခဲ့သည်
တစ်ယောက်တည်းနေစဉ်က သိပ်မလိုသော်လည်း သူရောက်လာပီးကတည်းက လိုအပ်သည်များက တစ်ခုမဟုတ်တစ်ခုပေါ်လာခဲ့သည်
အခုလည်း ထင်းများကိုစည်းနေသည် ခြေတွေလက်တွေအေးစက်နေတတ်တဲ့ သူမယောကျ်ားအတွက် ထင်းတွေပိုကောက်ရသည် ညဘက် မီးဖိုလေးလုပ်ပေးရသည်
အထက်တန်းစားဆန်တဲ့ သူမယောကျ်ားပါလေ
သို့သော် သူမတစ်ခုခုလုပ်ပေးမိလို့ ပြုံးပြလာသည့် သူ့အပြုံးလေးကိုနှစ်သက်သည်
လောကကြီးရဲ့ဆိုးယုတ်မှုတွေကို မသိနေခဲ့သလို အပြုံးဟာ ရှားလွန်းပါသည်
.....................................
နေ့ရက်တွေဟာ အလျင်အမြန် ကုန်သွားပီး
သူမ နဲ့သူ လက်ထပ်ခဲ့တာ ၅လထဲဝင်နေပီဖစ်သည်ကျောမှာပိုးထားတဲ့ ထင်းစည်းကြီးကိုချကာ စည်ပိုင်းမှ ရေကိုခပ်သောက်လိုက်သည်
ခါတိုင်း အိမ်ရှေ့ထွက်စောင့်နေကြသူမယောကျ်ားက ဒီနေ့တော့ထွက်မစောင့်နေပါ
သူမမောပန်းသည့်ကြားမှပင် စိတ်ပူသွားရသည်
"ယောကျ်ားရေ"
သူမပိုက်ဆံစုဝယ်ထားတဲ့ နှစ်ယောက်အိပ်ရာခင်းတစ်ဖက်တွင် သူဟာ တစ်ဖက်သို့လှည့်ကာအိပ်နေသည်
"ယောကျ်ား"
သူ့လက်မောင်းကို ကိုင်ကာ ဒီဘက်ဆွဲလှည့်တော့ အိပ်ပျော်နေသည်သူမလည်း သူမနိုးအောင် ခပ်ဖွဖွလေးထကာ ချက်ပြုတ်ရန် အပြင်ထွက် ခဲ့သည်
..............................
"ယောကျ်ား ထမင်းစားစို့လေ ကျွန်မ ရှင်ကြိုက်တာလေးတွေအများကြီးပိုချက်ထားတယ်"သူမ လက်မောင်းကိုကိုင်ကာနိုးရသည်
ပွင့်လာတဲ့ သူ့မျက်လုံးတွေသည် အိမ်မက်ယောင်သူလိုဖစ်နေသည်
"ယောကျ်ား များများစားလေ"
ခါတိုင်း တခြားသူလုမလို စားသောသူသည် ဟိုထိဒီထိသာ လုပ်သဖြင့် သူမစိတ်မကောင်း
ESTÁS LEYENDO
တော်ဝင်အိမ်ရှေ့စံ(complete)
Ficción históricaအသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......