တော်ဝင်အိမ်ရှေ့စံ Part 6
သူမလမ်းသွားရင်း မနေ့ညက ဖြစ်ပျက်ခဲ့သမျှအကြောင်းများသည် စိတ်ထဲရောက်နေသည်
သေချာပြန်တွေးကြည့်မှ သူမယောကျ်ား အပြုအမူများသည် ပုံမှန်ဆန်နေသည် လူကောင်းထပ်ပင်ပိုတောင်ပိုဦးမည်
သူမထဲကို ထည့်လိုက်တဲ့အချိန်.........
"အို...."
တွေးရင်းတွေးရင်း မျက်နှာတွေရဲလာရသည်သို့သော် ဒီမနက် ပြုမူပုံအရသူဟာပုံမှန်အတိုင်းပါဘဲ
ရူးကြောင်ကြောင်လေသူမဘဲစိတ်တွေလှုပ်ရှားလွန်းပီး အမှတ်မှားတာလည်း ဖြစ်နိုင်လောက်သည်
သူဟာ ရူးနေသည်ဖစ်စေ မရူးတော့ဘူးဖစ်စေ သူမ သူ့ကို ချစ်နေမည်သာ
သူမလက်ထဲမှ ငွေတိုငွေစများကိုကြည့်ရင်း အပြုံးတွေဝေလာသည်
သူ့အတွက် အဝတ်အစားဝယ်ဖို့ရန်ပါဘဲ
နှုတ်ခမ်းမွှေးတွေရိတ်လိုက်တော့ ခန့်ညားတဲ့ သူမ ယောကျ်ားဟာ အဝတ်ကောင်းများသာ ဝတ်ဖို့သင့်သည်"အမ ဒါလေးပြပေးပါ"
"အိုး ညီမကရွေးတတ်သားဘဲ အပြာနုရောင်နဲ့အဖြူစပ်လေးရွေးပုံထောက်ရင် လူချောလေးဘဲဖစ်မယ် ညီမနဲ့ ဘာတော်တာလဲ"
သူမလည်း အထည်ရောင်းသူပြောတာ ကွက်တိကျနေ၍ သူ့မျက်နှာကိုမြင်ယောင်ကာ ကြည်နူးလာရသည်
"ညီမ ခင်ပွန်းပါ"
..........................................
"ညီမငယ်လေး ခဏ ခဏ"သူမခပ်လှမ်းလှမ်းရောက်ကာမှ ဆိုင်ရှင်အမက ရေးကြီးသုတ်ပြာပုံနဲ့ အထုပ်ဆွဲကာပြေးထွက်လာသည်
"အစ်မက အသက်ကြီးလာတော့ မေ့တတ်နေတာ ခုကဆိုင်ရဲ့နှစ်၃၀ပြည့်လေ အဲ့တာကြောင့် အမျိုးသားဝတ်စုံဝယ်တဲ့သူကို အမျိုးသမီးဝတ်စုံပါတွဲရက် ထည့်ပေးတယ် ရော့ရော့ ယူသွားလိုက်တော့နော်"
ဆိုင်ရှင်အစ်မသည် သူမလက်ထဲ အတင်းထည့်ပေးသွားကာ ကျေးဇူးတင်စကားတောင်မစောင့်တော့ပေ လှစ်ခနဲထွက်သွားသည်
သူမလည်း ကြည့်လိုက်တော့ အပြာရောင်နုလေးဆင်တူဖစ်သည်
...................................
"ယောကျ်ားရေ ဝတ်လို့အဆင်ပြေရဲ့လား ကျွန်မလာခဲ့ရမလားဟင်"
ESTÁS LEYENDO
တော်ဝင်အိမ်ရှေ့စံ(complete)
Ficción históricaအသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......