တော်ဝင်အိမ်ရှေ့စံ End
"ဟူဘင်း ကိုယ့်ကို သားတော်လေးကို ချီခွင့်ပေးပါကွာနော်"
ဟူဘင်းဟာ ယောင်ဘင်းလေးကိုချီကာ လှည့်ထွက်နေပီး ယောဂျူမှ နဂါးဝတ်ရုံကြီး တကားကားနဲ့ လိုက်တောင်းနေခြင်းဖစ်သည်
အထိန်းတော်များနဲ့ ကုန်းကုန်းများမှာလည်း သူတို့ နိုင်ငံ့မိခင်နဲ့ ဖခင်ကြီးဖစ်နေပုံကိုကြည့်ပီး တိတ်တခိုး သဘောတကျရီနေကြသည်
"ဟင့်အင်း ရှင်က ဒီမိန်းမနဲ့ သားကို မလိုတော့လို့ မျက်လုံးမှိတ်ပီး ဓားခုတ်ခံတာလေ"
"အဲ့လိုမဟုတ်ရပါဘူးကွာ ကိုယ် ကိုယ့်ရင်ထဲ အရမ်း ဝမ်းနည်းမိလို့ပါ"
"ရှင့်ဘာသာထိုင်ဝမ်းနည်းနေတော့ ကျွန်မတို့ကသွားပီ"
စိတ်ဆိုးနေရှာလေတဲ့ ဇနီးသည်ကို ယောဂျူ ခါးထောက်ကာသာ ကြည့်မိတော့သည်
"ဂျောင်ယို ငါ့ဇနီးကို အမြန်ချော့နိုင်မဲ့နည်းရှာပေးထားမဟုတ်ရင် ဂျောင်ဝန်းနဲ့ သဘောမတူဘူး"
ဂျောင်ယိုမျက်နှာ အေးခဲသွားရသည်
ဂျောင်ယိုနဲ့ဂျောင်ဝန်းမှာလည်း ယောဂျူ တိုက်ပွဲတွင်း ပျောက်သွားစဉ် လိုက်ရှာတုန်းက အခြေအနေများ တိုးတက်ပီး ချစ်သူတွေဖစ်သွားကြသည်
ဂျောင်ဝန်းမှာ ဒဏ်ရာရနေတဲ့ဂျောင်ယိုကို ကိုယ်ဖိရင်ဖိ ပြုစုလိုက်ရာမှစသည်.......
.......................................................
အခမ်းအနားမြင်ကွင်းဟာ အရမ်းဝေဝေဆာဆာရှိလှပီး ကပြဖျော်ဖြေနေတဲ့ အကမယ်လေးများ အမတ်များ အပျိုတော်များနဲ့သက်ဝင်လှုပ်ရှားနေသည်ယနေ့ဟာ စစ်ပွဲပီးပီး ပထမဆုံးအကြိမ်ကျင်းပသည့် ယောင်ဘင်းလေး ၅လပြည့်မွေးနေ့ဖစ်သည်
"အို့ အို့ အဲ့အဲ့"
ဖြူဖွေးကာဖောင်းဖောင်းလေးဖစ်နေတဲ့ ယောင်ဘင်းလေးပါးကို ယောဂျူ နစ်ဝင်နေအောင် နမ်းလိုက်သည်
သူ့ ဇနီးသည်ဟာ သူ့ကို အလွန်ချစ်သည်
သူနဲ့တစ်ပုံစံတည်းတူအောင်မွေးပေးခဲ့သည်ဟူဘင်းဟာလည်း ပြုံးပျော်နေတဲ့ သားတော်လေးနဲ့သူမခင်ပွန်းကို ကြည့်ကာ အပြုံးတွေဝေနေသည်
VOCÊ ESTÁ LENDO
တော်ဝင်အိမ်ရှေ့စံ(complete)
Ficção Históricaအသိစိတ်မရှိတဲ့သူတစ်ဦးကို လက်ထပ်ခဲ့တဲ့သူမ တကယ်တော့ သူမလက်ထပ်လိုက်သူဟာ သာမာန်လူတစ်ယောက်မဟုတ်ခဲ့သော်.......