Unicode
ခန့်မင်းညိုသည် မိဘမဲ့တစ်ယောက်ဖြစ်ပြီး အဒေါ်အပျိုကြီး၏ ပြုစုပျိုးထောင်မှုအောက်တွင် ကြီးပြင်းလာရကာ အဒေါ်အပျိုကြီးအိမ်ထောင်ကျသွားပြီးနောက် တစ်ယောက်တည်း အေးအေးဆေးဆေးရပ်တည်နေထိုင်သည့် လူပျိုလူလွတ်တစ်ယောက် ဖြစ်သည်။
တစ်ရက် သူသည်အာလူးကြော်အစပ်စားပြီး တီဗွီကြည့်နေရင်းမှ ငရုတ်သီးစပ်လာသဖြင့် ရေသောက်လိုက်ချိန်တွင် ရေသီးသွားကာ သေဆုံးသွားခဲ့ရပြီး အခြားကမ္ဘာတစ်ခုမှ အပေအတေ ငမူးငရူးလောင်းကစားသမား ဆန်ကုန်မြေလေးကောင်တစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ကူးပြောင်းသွားခဲ့သည်။
သူနိုးထလာပြီး မိနစ်ပိုင်းတောင်မကြာလိုက်။
ခန့်မင်းညိုမှာ ထိုဆန်ကုန်မြေလေးကောင်နှင့် လက်ထပ်ထားသော အမျိုးသားလေးအား မြင်မြင်ချင်းချစ်မိသွားတော့သည်။
ကူးပြောင်းလာပြီး မိနစ်ပိုင်းအကြာ ခန့်မင်းညို : " ...." အလှလေးအား ချစ်ရည်ရွှန်းလဲ့သည့် မျက်ဝန်းများဖြင့် ငမ်းကြောထကာကြည့်နေ။
ကူးပြောင်းလာပြီး နာရီဝက်ခန့်အကြာ ခန့်မင်းညို : "ကိုယ် မြတ်လေး လို့ခေါ်မယ်နော်"
ကူးပြောင်းလာပြီး လေးဆယ့်ငါးမိနစ်ခန့်အကြာ ခန့်မင်းညို : "ကိုယ့်ကို ကိုညိုလို့မခေါ်ပဲ အကိုလို့ ဖြစ်ဖြစ် ကိုကိုလို့ဖြစ်ဖြစ် ခေါ်ပါ့လား... ဒါမှမဟုတ်မြတ်လေးစိတ်ပါရင် ယောက်ျားလို့ခေါ်လို့ရတယ်"
ကူးပြောင်းလာပြီး တစ်နာရီခွဲခန့်အကြာ ခန့်မင်းညို : "ပိုက်ဆံတွေလဲ မလိုအပ်ပဲ မဖြုန်းတော့ပါဘူး မင်းအပေါ်လဲ ကြင်နာပါ့မယ်" အလှလေးအားဖက်ပြီး မူလပိုင်ရှင်သကဲ့သို့ ဟန်ဆောင်ကာပလီနေ။
ရင်ခွင်ထဲကမြတ်လေး : "..."
'ကိုညို အရမ်းပြောင်းလဲနေတယ် ... အရိုက်ခံရတဲ့အချိန်သေသွားပြီး ဖုတ်များဝင်သွားတာလား'
ဒါလေးက ရိုရိုချိုချိုနဲ့ ခွေးစာအပြည့်ပါတဲ့ Fiction လေးပါ။
မုန်တိုင်းမပါ၊ လောင်ခြင်းမရှိ ... အားတိုင်းရိုနေတဲ့ ခန့်ကဲကဲသဲသဲညိုကြောင့် ချောင်းဆိုးချွဲကျပ်၊ ဆီးချိုတက်သွားရင် စာရေးသူကျွန်မအနေဖြင့် တာဝန်မယူပါ။
-----------------------------
Zawgyi
ရင်ခွင်ထဲကမြတ်လေး : "..."
YOU ARE READING
အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)
Romanceပေါ့ပေါ့ပါးပါး အချိုလေးပါ။ ခုမှစရေးတဲ့အတွက် ကောင်းချင်မှကောင်းမှာပါ။ အစပိုင်းကတော့ C-novel လေးတစ်ပုဒ်က အကြောင်းအရာတစ်ခုကို inspire ယူထားပါတယ်။ အပျော်တမ်းရေးခြင်းဖြစ်ပါတယ် ။လမ်းကြုံရင် ဝင်ဖတ်သွားကြပါဦးလို့။ ကိုယ်Inspire ယူထားတဲ့ novel ကတော့ The Spiri...