Intro

4K 137 5
                                    

Unicode Version

ခြေလှမ်းတလှမ်း။ ထိုခြေလှမ်းရဲ့ဆုံးမှာ သူမရဲ့သေချင်းတရားကစောင့် ကြိုနေပြီ။ ဖေဖေ။ မေမေ။ သူ။ သူတို့တွေရဲ့ စွန့်ခွာမှုတွေ။

ထိုအရာအားလုံးထက် ပိုပြီး သူမ မမျှော်လင့် ထားသည်က

"မင်းလို ‌အကျင့်ပျက်ပြားနေတဲ့ သူကို ငါ့ အသိုင်းအဝိုင်းထဲမှာ ဆက်လက် ထားမယ် ထင်နေလား"

မျက်ရည်များခန်းခြောက်။ ပါတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်မှုတွေက ဝန်းရံနေပြီး။

"လျော်ကြေးပေးပြီးကွာရှင်းပေးဖို့ ကိုမထိုက် တန်တဲ့ မင်း။ ဒီအတိုင်း ပဲ ထွက်သွားလိုက် တော့။ မင်းကငွေမက်တယ်။ အာဏာမက်တယ်။ စည်းစိမ်မတ်တယ်။ ဒါတွေမရှိတဲ့ နေရာမှာ မင်းနေကြည့်လိုက်။

အရမ်းတော်တက် လွန်းတဲ့မင်း။ ဉာဏ်နီ ဉာဏ်နက်တွေ အင်မတန်များပြားလွန်း တဲ့ သူပဲ။ အဆင်ပြေမှာပါ"

သူမ မက်မော ခဲ့တာ။ အဲ့တာ တွေ မဟုတ်။ သူမ လိုချင်တောင့်တခဲ့တာ။ သူ့ရဲ့ ဂရုစိုက်မှုလေးပါ။

"ငါ့ချစ်သူနဲ့ ငါ့ကို ကွာစေခဲ့တဲ့ မင်းကို ငါက ချစ်ပေးလို့ရမှာတဲ့လား။ သူ သေသွားသလို မင်း သေဆုံးသွားခဲ့ရင် ပိုကောင်းမယ်"

"ဒါဆိုရင်တော့ မင်းကို ခွင့်လွတ်နိုင်လိမ့်မယ်"

သူခွင့်လွတ်မယ်တဲ့။ သူခွင့်လွတ်ပေးဖို့ သူမ အလုပ်သင့်ဆုံးအရာက ရှေ့မှာစောင့်ကြိုနေပါပြီ။ ဒီကနေ ခြေလှမ်းလေး တလှမ်းပဲ လိုပါတော့ တယ်။

လေတဟူးဟူးတိုက်နေသည့် စွန့်ပစ်ထားသည့် အထပ်မြင့် အဆောက် အဦးတခု။ ည ၁၂:၀၀ ထိုးရန် စက္ကန့်ပိုင်းသာ လိုသည်။ ထို့ကြောင့် သူမ အတွက် အကြီးမားဆုံးနောင်တ တခုရှိနေခဲ့သည်ကို ထိုအချိန်မှာ အသိတရားတခု ဝင်လာသည်။

"သူနဲ့မဆုံတွေ့ခဲ့ရရင် ကောင်းမှာ"

အသက်မဲ့နေသည့် မျက်ဝန်းမှာ အရောင် တချက်လက်သွားခဲ့ပြီး နောက် စိတ်ကိုလျော့ချပြီး လေဟာနယ်ထဲသို့ ခန္ဓာကိုယ်ကို လွတ်ချခဲ့ တော့ သည်။

အေးစက်စက် အထိအတွေ့များထဲ သူမ ရဲ့အသိစိတ်နဲ့ ဝိဉာဉ် သည်လဲ ထာဝရ ကွဲကွာခဲ့ရ တော့ သည်။

Lose and Love( you can choice) GL (uni+Zawgyi)Where stories live. Discover now