Part 7

1.3K 99 3
                                    

Unicode Version

ငွေကြေးဒါရိုက်တာ ဦးပြည့်စုံဦး။  ထို့နောက် ပိုးယုံလေး။

VIP စားသောက်ခန်းမှာ နှစ်ဦးထဲသီးသန့် တွေ့ဆုံသည်။ စေ့စပ်ပွဲ ပြီးကတဲကညသူမ တွင်ရှယ်ယာ ၅ ရာခိုင်နူန်း ရှိသည်။ ပီ့းခဲ့တဲ့ အပါတ်က မမတို့နဲ့ တွေ့တဲ့ အချိန် ဦးလေး အရေးပေါ် ငွေလိုနေတယ်ဆိုတာ သိခဲ့ရသည်။

ယခုဖိ အိမ်တော်ရဲ့ဘဏ္ဌာကို စီမံခန့်ခွဲခွင့် ရသေး တာမဟုတ်။ ထို့ကြောင့် ငွေကြေးဒါရိုက်တာ နဲ့တွေ့ဆုံခြင်းဖြစ်သည်။

"အက္ခရာ မိသားစုရဲ့ ရှယ်ယာ ကိုတော့ ကျွန်တော် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ မမလေး ရဲ့ရှယ်ယာက ငါးရာခိုင်နူန်းထဲ လိုချင်တာကဘယ်လောက်ပါလဲ"

ဦးပြည့်စုံဆိုတာ ငွေကြေးနဲ့ပါတ်သတ်ပြီး ခေါင်းပုံဖြတ်သူဖြစ်တဲ့အပြင် လက်ဝယါတွင်လဲ ရှယ်ယာ ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ပိုးက

"အပေါင်ထားတဲ့သဘောပါပဲ။ ကျွန်မ ပြန်ယူနိုင် တယ်။ အဓိက က ဆူး မသိသွားဖို့ပဲ"

"မှန်ပါတယ်။ ရှယ်ယာ အစည်းအဝေးကလဲ ဝေးဝေးနေမှ တခေါက် ခေါ်တာ ဆို‌တော့ အဲတာအတွက် တော့စိတ်ချပါ။ ဒါနဲ့ ရှယ်ယာ တိတ်တဆိတ်ရောင်းရတဲ့အထိဆိုတော့ CEO ကို အသိပေးပြီး အကူအညီ‌တောင်းတာ မမလေး အတွက် ပိုမလွယ်ဘူးလား။

နှစ်ယောက်က စေ့စပ်ထားတာပဲလေ။ CEO ကနားလည်မှုရှိပါတယ်"

ပိုးက

"ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာက သူနဲ့ အားလုံးမသက်ဆိုင်သေးပါဘူး။ ဒီတော့ ဘယ်လောက်နဲ့ ဈေးဖြတ်မှာပါလဲ"

ဦးပြည့်စုံက စာပွဲကို လက်နဲ့ သုံးချက် ခေါက် ပြီး

"၁% ကို သိန်း၁၀၀၀။ လက်ရှိပေါက်‌ဈေးထက် ၂၀၀ ပိုပေးထားပါတယ်"

ပိုးအတွက် အဆင်ပြေမယ့် အနေအထားပါ။ ထို့ကြောင့်။

"၄% ရောင်းမယ်"

"အိုကေ"

"ကျွန်တော်စာချုပ်အသင့်ယူလာပါတယ်"

ပိုးသက်ပြင်းချလိုက်သည်။၁ ရာခိုင်နူန်းတော့ချန်ထားမှဖြစ်မယ်။ ဦးလေးဆီကပြန်ရမှာပါ။  ဘာလုပ်ဖို့လဲ မသိပေမယ့် အဆင်ပြေမှာပါ။

Lose and Love( you can choice) GL (uni+Zawgyi)Where stories live. Discover now