Part 10

1.4K 111 8
                                    

Unicode Version

VIP ဘန်ကလို။

ကျွန်းသစ်ကို အဓိသုံးထားပေမယ့် အပူကာ ဖိုက်ဘာ အမျိုးအစား တွေကို ထည့်သွင်း သုံး ထားသည့် အတွက် တခြားသော အခန်းတွေထကို နွေးသည်။

ည 7-00 ဝန်းကျင် ကျူးရင့် အလုပ်ဆင်းပြီး သူ့အခန်းဆီကို ရောက်လာသည်။ မိတ်ဆွေ တယောက် အနေနဲ့ဆိုတော့ ဟိုတယ် ယူနီဖောင်းကို လဲပြီး Name card ကို လဲဖြုတ် ထားခဲ့ သည်။

"မနေ့က ဘားမှာ အတော်ပွဲစည်ပုံပဲ။ ရသလောက်တော့ ယူထားတယ်။ မင်းသောက်နိုင်လား"

တီရှပ်လက်ရှည် မီးခိုးရောင်ကို စတိုင်ပန် အနက် နှင့် တွဲဝတ်ဆင်ထားသည့် အပြင် ရေချိုးပြီးစဆိုသည်မှာ ခေါင်းပေါ်မှ ဆံပင် ဖွာဖွာလေးများက သက်သေပြနေသည်။

"မသောက်နိုင်ဘူး။ တခွက် နှစ်ခွက်တော့ရပါတယ်။ နင်သောက်မှာ မဟုတ်လား။ ရတယ် သောက်"

အနွေးဂွန်းထိုးဖိနပ်အစွပ်ကို နှစ်ယောက် လုံးစီးထားရသည်။ မီးလင်းဖိုမှာပဲ မီး ရှိနေသည်။ သူမ ရဲ့အဖြေကို တချက်ပြုံးရင်း

"ကျွန်မ မသောက်နိုင်ပါဘူးလို့။ ရှင် တို့။ မသုံးတက်ဘူးလား။ ငါ့ကို တွေ့ရင် နင် ငါ။ ဟုတ်လား။ နည်းနည်းလေးတော့ ရိုသေသမုလေးတော့ ပြုပေါ့။ စိတ်မပါလဲ"

ကျူးရင့်က

"ငါတို့က အသက်တူမဟုတ်လား။ တနေ့ထဲ တခုထဲ တလ ထဲ ဖွားတွေလေ။ ဒါတောင် အချိန်တူရင်တူနေမှာ။"

မှန်သည်။ တနေ့ထဲ တလ ထဲ တခုထဲ ဖွား။ စနေသမီးနှစ်ယောက်။

"ဒီတော့ ဘာကြောင့် နင့်ကို ရိုရိုသေသေ ပြော နေရမှာလဲ"

"ဆူး လို့ ခေါ်လဲ စိတ်မဆိုးပါဘူး။ နင် ဆိုတာ ထက်တော့ သာပါသေးတယ်"

ကျူးရင့်က ခေါင်းခါရင်း

"နင့်ရဲ့ဇနီးလောင်းအသုံးအနူန်းကို အရမ်းနား ဝင်ချိုနေရင်လဲ သူ့ပဲ ခေါ်ခိုင်း ငါ့ကို လာ‌‌ေခါ်ခိုင်း လို့မရဘူး"

ဆူး လက်တထက်မြောက်က

"အိုကေ ငါမှားတယ်။ ဟုတ်ပြီလား"

ထိုအခါမှာတော့ ဘာတခွန်းမှထပ်မပြောတော့။ ဆူးက ဝိုင်ခွက်ထံသို့ ရမ် ထည့် ပေးသည်။ သူမရှေ့သို့ တွန်းပို့ပြီး

Lose and Love( you can choice) GL (uni+Zawgyi)Where stories live. Discover now