Part 8

1.3K 117 3
                                    

Unicode Version

ကြိုးတံတား။ လူတယောက်စာသာ သွားလာနိုင်သော ကြိုးတံတား။ အသုံးပြုသူရှိပေမယ့် မြစ်ကိုဖြတ်ကူးတဲ့အတွက် အန္တရာယ်တော့များ မည်။

ထို့ကြောင့်မှတ်တမ်းရယူပြီး ဟိုတယ်သို့ပြန်လာခဲ့ တော့သည်။ ခေါင်လန်ဖူးနှင့် အနီးဝန်းကျင်မှာရှိသော တောင်များကိုလဲ ‌တောင်တက်ခရီးအတွက် အဆင်ပြေမည်။တောင်တက်မည် ဆိုလျင် ယခုလိုရေခဲ‌တောင်ဆို လျင် မိုးအခါမှာ တက်လျင် ပိုအဆင်ပြေသည်။

ဆီးနှင်းများအရည်ပျော်ကျချိန်။ နွေရာသီ။ ဆီးနှင်းကျသည့် ဆောင်းရာသီတို့ တွင် အန္တရာယ်များလွန်းသည့် အတွက် ပြောရမည် ဆိုလျင် ဒါက တောင်တက်ချိန်ပင်။

မြို့ထဲပြန်ရောက်ချိန်တွင် ညနေစောင်းလုပြီ။ မြို့အလယ်ကကွင်းပြင်တွင် ရဟက်ယာဉ် ရပ်ထားသည်မို့။

ဟိုတယ်ရှိရာဘက်သို့ တဖွဲ့လုံးပြန်ရောက် နေသည်။ ဟိုတယ်တွင်ကျန်နေခဲ့သူ တွေမှ ညစာ ကြိုတင်ပြင်ဆင်ထားပေး၍သာ အဆင်ပြေသေးသည်။

ထုံးစံအတိုင်း ရေချိုးပြီးမှ ညစာ စားတက်သည့် ဆူးအက္ခရာအတွက်တော့ တစ်ယောက် ထဲသာ စားရမည့် အခြေအနေပါ။

တောင်ပေါ် အတက်အဆင်း ပြုလုပ်ထားသည့် အတွက် အားလုံးဗိုက်ဆာ နေကြပြီ။ သူရေချိုးပြီးအောင်စောင့်ရမည် ဆိုလျင် အတော်လေးကိုမတရား ရာကျမည်။

မည်မျှပင်အေးနေပါစေ။ ရေတော့ ချိုးရမည်။ ထိုသည်ကို သိထားသော ကျူးရင့်က

"CEO ရေချိုးအုံးမှာဆိုရင် ဒီဒေသမှာ အဆင် ပြေပါ့မလား။ အအေးဓါတ်က အရမ်းများလာ ပြီး။ အပူချိန်ကလဲ ရုတ်တရပ် ထိုးကျ သွားပြီဆိုတော့ တရက်တလေ ။မချိုးပဲ နေပါလား"

ဆူး မျက်မှောင်ကုတ်သွားသည်။ တခြားသူတွေ ကသတိမထားမိပေမယ့် ကျူးရင့် အနေနဲ့မှားသွားပြီဆိုတာသိလိုက်ရသည်။

ဘာလို့ သိထားသမျှပြောနေတာလဲ။ တဖက်ကလဲ

ဒီလောက်ထိ အသေးစိတ်စုံစမ်းထားရာက ဘာကြောင့် လမ်းကြောင်းပြောင်းသွား ရတာ လဲ။ ‌ပိုး ဆိုရင် ဒီစကားကိုသးလက်ခံနိုင်သေး သည်။

Lose and Love( you can choice) GL (uni+Zawgyi)Where stories live. Discover now