Part 23

1.7K 107 6
                                    

Unicode Version

အစည်းအဝေးပြီးသည့် နောက် ကျူးရင့် ရုံးခန်းရှိရာကို ပြန်လာသည်။

မကြာခင်ဖွဲ့စည်းပုံပြောင်းလဲ‌တော့မည် ဆိုသည့် အတွက် ကုမ္ပဏီနှစ်ခု ကွဲထွက်သွားချိန် လိုအပ်တဲ့ ဝန်ထမ်းအရေအတွက် ပြည့်မှီရေး ကို ဆွေးနွေးခြင်းဖြစ်သည်။

ထို့အတွက် ဝန်ထမ်းထပ်ခေါ်ဖို့ရှိသည်။ ဌာနအသီးသီးက လိုအပ်သော ဝန်ထမ်းနှင့် ရာထူးတိုးမြင့်ရေးဆိုင်ရာ အချက်အလက် များတင်ပြရန် တောင်းဆိုထားပြီး ဖွဲ့စည်းပုံ ကို လာမယ့်အပါတ်ကတဲက ပြောင်းမည် ဖြစ်ရာ

အတော်လေးတော့ အလုပ်ရူတ်မည်။

"မန်နေဂျာချုပ် ဧည့်သည်လာပါတယ်"

ဘယ်သူလဲဆိုတာ မမေးမြန်ရသေးခင်ပဲ အတင်း တိုးဝင်လာသူက မေမိုးမိုး။ ကျူးရင့် ထရပ် လိုက်သည်။ အတွင်းရေးမှူးကို ခေါင်းညိတ်ပြလိုက်သည်။

အတွင်းရေးမှူပြန်လည်ထွက်သွားသည့် နောက်တော့ ကျူးရင့်က

"ဘာကိစ္စလဲ"

မေမိုးမိုးက ပီကေတဝါးဝါးနှင့် အခန်းကို လှည့်ပါတ်ကြည့်ကာ

"သူဌေးကတော် ပဲ။ ဒီလောက် အခြေအနေ ပဲလား" ကျူးရင့်က နေရာကနေ မရွေ့။

"လာရင်းကိစ္စကိုပြော။ ငါမအားဘူး"

"အောဟော်။ မအားဘူးတဲ့လား။ ဒီဘဝရောက် ပြီဆိုတော့ ပြောအားရှိတာပေါ့။ ဘယ်လိုလဲ နင့်ရဲ့ လက်ထပ်ပွဲကို ငါတို့ဘာလို့ မပါတာလဲ"

"ငါတို့က မခေါ်ချင်လို့ရတယ်။ မတော်ချင်လို့ မရတဲ့အမျိုးတွေလေ။ ငါတို့က ညီအမ တော်သေးတယ်"

ကျူးရင့်က သက်ပြင်းချပြီး နေရာမှာပဲ ပြန်ထိုင်ကာ

"ငါ အိမ်ကထွက်လာကတဲက အပြီးတိုင် နူတ်ဆက်ခဲ့သားပဲ။ အဲဒီအိမ်ကို ပြန်မဝင်ချင်တော့လို့။ ငါမဆက်သွယ်တာ သိမယ်ထင်ပါတယ်"

မေမိုးမိုးက အံကြိတ်ပြီး

"နင်ယူထားတဲ့ သူ က ငါတို့ကို ကန့်ထားလို့လား"

ကျူးရင့်က

"ဘာလိုချင်တာလဲ ဘာပြောချင်တာလဲ ရှင်းရှင်းပြော။ ငါအလုပ်များနေတယ်။ နင်နဲ့ စကားနိုင်လုဖို့ အချိန်မရှိဘူး"

Lose and Love( you can choice) GL (uni+Zawgyi)Where stories live. Discover now