Part 21

1.4K 105 7
                                    

Unicode Version

အစာအဆိပ်ရဲ့သဘောသဘာဝကတော့ မူးဝေ၊အော့အန် ဆိုပေမယ့် ကျူးရင့် သတိမလည် လာတာ ၃ ရက်ရှိနေပါပြီ။

အစာအိမ်  ဆေးပြီးနောက်အထိ သတိမလည် လာခဲ့။ အဆိပ်မိတယ် ဆိုလဲ ယခုတော့ သတိပြန်လည်သင့်ပြီ။

ပထမ တစ်ရက် နှစ်ရက် သိပ်ပြီး မသိ‌သာပေမယ့် သုံးရက်မြောက်မှာတော့ တဖြေးဖြေး ဖြူဖျော့ လာသည်။

ကြီးမူ လဲ အခန်းထဲက ထွက်မလာ။ ကျူးရင့် လဲကျသည့် နေ့ကတဲကဟု ဆိုရမည်။

လောလောဆယ်တော့ ကြီးငယ် ရှိနေပေး သည်။ ဆရာဝန်လဲ အစာအဆိပ်သင့်ပါတယ် လို့ပြောခဲ့ပြီးမှ ယခုလို မေ့မျော နေဆဲ အခြေအနေ ကြောင့် ခြေမကိုင်မိ။ လက်မိကိုင်မိ။

ဆူး သူမ အနားအမြဲရှိနေပေးသည်။ အသက်ရူနေတယ်။ ဒါကြောင့် မသေသေးဘူးဆိုတာ သိပေမယ့် ပုံစံက နည်းနည်းလေးမှ တိုးတက် လာခြင်းမရှိ။

"ဆူး"

"ကြီးမူ"

ကြီးမူ ရောက်လာတော့ အားကိုး တကြီး။ ကြီးမူ က သူမကို ငေးကြည့်ရင်း

"သူ အချိန်စေ့နေပြီ။"

"ဘာ"

"သူအသက်ရှင်ရမယ့် အချိန်က မကြာခင်အဆုံးသတ်တော့မယ်။"

ဆူး ခြေပင်မခိုင်။ အနားက နံရံကို လက်နဲ့ အမြန် ထောက်လိုက်သည်။

"အဆိပ်မိထားတာ က သူ့ကို ဘာမှမလုပ်နိုင် ဘူး။သူ ထွက်သွားဖို့ စဉ်းစားနေပြီ။ လောလောဆယ် သူ့အသိက ဒီမှာ မဟုတ်ဘူး။ မင်းနဲ့အဆင်ပြေနေတဲ့ လက်ရှိကာလ မဟုတ်ဘူး။

မင်းသူ့ကိုစွန့်ပစ်ခဲ့တဲ့ အချိန်ကို သူ ပြန်ပြီးရောက်နေတာ"

ကြီးမူက သက်ပြင်းချပီုး

"နက္ခတွေက အရမ်းနဲ့ရူတ်ထွေးနေတယ်။ ကြည့်ပြီးဆုံးဖြတ်ဖို့ အရမ်းခက်နေတဲ့ အခြေအနေမှာ ကျူးရင့် ပြန်ရောက်လာဖို့က တခုပဲ ရှိတယ်"

ဆူး နားထောင်နေသည်။ ကြီးမူက

"မင်းလိုက်ခေါ်ရမယ်"

ဆူး ခေါင်းထောင်သွားသည်။

"ဘယ်လိုလုပ်ရမလဲ"

Lose and Love( you can choice) GL (uni+Zawgyi)Where stories live. Discover now