Part 16

1.7K 124 11
                                    

Unicode Version

အကြီးသုံးယောက်ရှေ့ ဆူးတို့ နှစ်ယောက် ဘေးချင်းယှဉ် ထိုင်နေသည်။

ဝင်လာကတဲက ကြီးမူ က

"ချစ်တဲ့ သူကို ခေါ်လာနိုင်ပြီလား"

ဆိူတဲ့ စကားတခွန်းနှင့် နူတ်ဆက်သည်။ ဆူးက သူမ လက်ကို မလွတ်။ ကြီးခေါင် နဲ့ ကြီးငယ် တို့က သူမကို အကဲခက်နေကြပေမယ့်။

ကြီးမူက သူမကိုပြုံး၍

"အရမ်းပင်ပန်းနေပြီထင်တယ်"

ကျူးရင့် ဘာပြန်ဖြေရမလဲ မသိလိုက်။ ကြောင်သွားသည်။ ဆူးက ကြီးငယ်ကို ကြည့် လိုက်ရတော့

"နှစ်ဘဝထိဖြတ်သန်းနေရတာ မပင်ပန်းဘဲ ဘယ်ရှိပါ့မလဲ"

ထိုအခါမှ ကျူးရင့် အရမ်းလန့်သွား သည်။ အံ့လည်းအံ့ဩနေသည်။ ကြီးမူ ကသူမကို ဂရုဏာ တွေပြည့်နေသော အကြည့်ဖြင့်

"သမီးလေး မမှားခဲ့ဘူး။ အရင်ကကော အခုကော။ မမှားခဲ့လို အခွင့်အရေးပေးတာပေါ့။ ဟုတ်တယ်နော်"

ဝမ်းနည်းမှုက ရင်တွင် အပြည့်။ မထိန်းနိုင်။ သူမ မျက်ရည်တပေါက်စီးကိလာတော့ သည်။

"သမီးလေး ထင်ထားသလို သူပြောင်းလဲသွား မှာ မဟုတ်ဘူး။ သမီး သူ့ကိုယုံကြည်လို့ရပါပြီ။ တချိန်က မတားမြစ်နိုင်ခဲ့တာတွေ ရှိတယ်။ ဒါကြောင့် မဖြစ်သင့်တာတွေ ဖြစ်ပျက် ကုန်တယ် ဆိုပါတော့"

ဆူး မျက်မှောင်ကုတ်ထားသည်။ ကြီးမူက ကျူးရင့်ကိုသာ ဦးတည် စကားပြောနေသည့် အတွက် သူမ ဘာကြောင့် ငိုလဲဆိုတာ။ သူ သိချင်နေသည်။

ပြီးတော့ ကြီးမူ ပြောတာ နည်းနည်းလေးမှ နားမလည်နေ။ ကြီးခေါင် ကော။ ကြီးငယ်ကော မသိနေဘဲ။

"သမီးလေး ကို စောင့်နေတာ"

ထိုစကားအဆုံး မျက်ရည်များက တာကျိုး သလို။

"ကျူးရင့်"

"မင်း အသာနေ"

သူမ ငိုနေသည်ကို ချော့ဖို့ ခွင့်မပြု။ မျက်နှာကို လက်နဲ့အုပ်ပြီးတရှုံ့ရှုံ့နဲ့ ငိုနေလေတော့။ ဆူး မနေနိုင်။ သူမ ကို ပွေ့ဖက်ပေးထားတာ ဖြစ်ဖြစ် လုပ်ချင်ပေမယ့်

Lose and Love( you can choice) GL (uni+Zawgyi)Where stories live. Discover now