Part 24

1.4K 91 2
                                    

Unicode Version

"အမွှာလေးပါ"

ကျူးရင့် မျက်ဝန်းများ ပြူးကျယ်သွား သည်။ အမွှာ။ သူမ သတိလည်လာချိန် သတင်းတစ်ခုက သူမ မှာကိုယ်ဝန်ရှိနေပြီ ဆိုတာပဲ။ လေးပါတ်တဲ့။ သူမ ပျော်ရွင်ခဲ့ သည်။

ယခုတော့ထပ်မံ၍။ သူမ အံ့အားသင့်နေရတော့ သည်။ အမွှာ ဆိုတော့။

"မိန်းကလေးလား ယောကျာ်းလေးလား ဆိုတာ မသိရသေးဘူး။ ‌OG လဲအပ်ထားပြီဆိုတော့ အာဟာရပြည့်ဖိူ့ တော့ လိုမယ်နော်"

ဆူး သူမလက်ကို ဆုတ်ကိုင်ထားသည်။ ကျူးရင့်က သက်ပြင်းချရင်း

"အလုပ်တော့ လုပ်လို့ရသေးမယ် မဟုတ်လား ဟင်။ အခုမှ ငါးပါတ်ထဲမှာပဲ ရှိသေးတာ ဆို‌တော့"

"ချစ်လေး"

ဆူး ကချက်ချင်းပဲ ဟန့်သည်။ သူမ ကို အလုပ်မလုပ်စေချင်တာ မဟုတ်လား။ ကျူးရင့် အနေနဲ့က အလုပ်ကို ဒီအတိုင်းကြီး လက်မလျော့ပစ်နိုင်။ မကြာခင်ပဲ ကုမ္ပဏီ ကခွဲ တော့မှာ။

"ရပါတယ် ၆ လ လောက်အထိတော့ ရသေးတယ်။ ဒါပေမယ့် ဂရုစိုက်ပါနော်။ အမ ရဲ့ခန္ဓာကိုယ်က ကလေးနှစ်ယောက်အတွက် အရမ်း အားနည်းနေတယ်"

"ဟုတ်ကဲ့"

"OG အမြဲလွတ်ပေးမှာဆိုတော့ တပါတ်တခါ ပုံမှန်စစ်ဆေးပေးဖို့ လိုတယ်။ သုံးလ ပြည့်ရင် တကြိမ်ပြန်လာခဲ့ပါ"

ဆူးက

"ဒါဆို ပြန်ခေါ်သွားတော့မယ်။ ဒီမှာ ကြာကြာ မထားချင်လို့"

"ဟုတ်ပါပြီ"

ဆူး သူမကို အသာတွဲပြီး ဆေးစစ်သည့် အခန်းထဲမှ ထွက်လာသည်။ နောက် သားဖွားမီးယက်ဌာနမှ ထွက်လာပြီး အောက်ထပ်ကို Lift ဖြင့် ဆင်းလာသည်။

"အာ"

ကျူးရင့် သူ့အသံကြောင့် လှည့်ကြည့်သည်။

"ဟင်"

"မေးဖို့ မေ့သွားတယ်"

"ဘာကိုလဲ ငါတို့ကို အကုန်ပြောပြသွားပါ တယ်" ဆူးက မျက်မှောင်ကုတ်ပြီး

"ကျန်သေးတယ်။ မင်းနဲ့ အတူတူ နေဖို့ ဘာတွေဆောင်သင့်ရှောင်သင့်....."

Lose and Love( you can choice) GL (uni+Zawgyi)Where stories live. Discover now