Part 3

1.5K 126 4
                                    

Unicode Version

"ဘာစားမလဲပြော။ ဒီနေ့အတွက် ငါတာဝန်ယူမယ်"

Monsoon Hotel Staff Uniform ဆင်းတူ လေးများဖြင့် ဟိုတယ်နှင့်သိပ်မဝေးသော ရေခဲမုန့်ဆိုင်တွင်းသို့ ဝင်သည်။

စုစုပေါင်း ၅ ဦး။

"ရေခဲမုန့်ဆိုင် ထဲခေါ်လာပြီး ဘာစားမလဲဆို တော့ ငါတို့က ထမင်းစားချင်တယ် ပြောရမှာ လား"

ကျူးရင့် ရယ်လိုက်မိသည်။ ရေခဲမုန့် ကိုကိုယ်ကြိုက်နှစ်သက်ရာ အရသာနှင့် မှာယူပြီး နောက်

"မသူဇာ အတွက်ကော တခုခုယူလိုက်ပါလား"

စုစုပေါင်း ခြောက်ဦးရှိသည် ဆိုတော့ သူမ အကြံပြုသည်။ ထိုအခါ သူမတို့ ထဲမှ  တယ‌ာက်က

"ထားလိုက်ပါ။ သူ ဟာ သူမလိုက်တာကို။ ပြီးတော့ ကျူးရင့်။ သူဇာဆွေ နဲ့သိပ်မရော နဲ့နော်။ သူ့မှာ နောက်ခံကောင်းရှိတယ်။

မနက်ကကို သူပြောနေတာကြားခဲ့သေးတယ်။ ဘယ်လောက်ပဲ တော်တက်နေပါစေ။ နောက်ခံမပါရင် အဝေးကိုလွင့်မှာပဲတဲ့။

ဘယ်သူ့ကိုပြောလဲ နင်တို့လဲ သိကြမှာပါ။ ဒါကြောင့် ခပ်ကင်းကင်းသာနေ"

ကျူးရင့် ပြုံးရုံသာ။ ထိုသူဇာဆွေက မည်သူ ဆိုတာ သူမသိပြီးသားပင်။ ပိုးယုံလေးရဲ့ အမ။ သူမကို မှတ်မိမှာပဲ။ သူတို့ညီမ ရဲ့ လင်လုဘက် ဆိုတာ သိမှာပဲလေ။ ဒါကြောင့် အမြင်ကြည်မှာ မဟုတ်။

သို့သော် ကျူးရင့် အနေနဲ့ ဘာမှမသိသလိုလေး ခပ်တုံးတုံးအအလေးက အရမ်းအဆင် ပြေတယ် မဟုတ်လား။ လူချစ်လူခင်များ တယ်လေ။ ဘယ်အရာမဆို ကိုယ်သိကြောင်း တက်ကြောင်းပြောပြနေစရာ မှ မလိုတာ။

"ကဲပါ။ ရပြီလား။ သွားကြမယ်လေ။ ခဏနေ အောင်စာရင်းထုတ်ပြန်တော့မယ်"

"အေးအေး။ လမ်းသွားရင်းစားလို့ရတာပဲ။ အပြင်မှာ နေတော်တော်ပူတယ်နော်"

"ဟုတ်ပဟာ။ ဟိုတယ် အထဲမှာ Air con ရှိတော့ တော်သေးတယ်"

တယောက်တပေါက် ရောက်တက်ရာရာပြော နေတော့ ကျူးရင့် နားထောင်သူသာ လုပ် သည်။ တယောက်အကြောင်းတယောက် သေသေချာချာ မသိသေးပါ။ သိသွားလျင်တောင် သူမ ရဲ့ပုံစံအသစ်နဲ့ပဲ ရှေ့ဆက်မယ်။

Lose and Love( you can choice) GL (uni+Zawgyi)Where stories live. Discover now