Part 25 End.

3.1K 146 11
                                    

Unicode Version

"ကျူးရင့် နင့်ရဲ့မေမေလေးက ဆူးအက္ခရာကို ရှင်းပစ်ဖို့ စီစဉ်နေတယ်။ နင် ငါတို့ကို ပြန်မကြည့်တာ သူ့ကြောင့် လို့ထင်နေပုံပဲ။ အခုလေးတင်ပဲ ထရပ်က်ကားတစီးနဲ့ အပြင်ကို အလောတကြီး ထွက်သွားတယ်"

ထိုစကားတခွန်းကြောင့် ကျူးရင့်ရဲ့ ရင်ထဲမှာ မီးပင်လယ်ဝေနေရပြီ။ ပေါ်တီကို အောက်က အသင့်ရပ်ထားသော ကားကို စက်နိူးပြီး အတင်းမောင်းထွက်လာတော့ သည်။

အိမ်အကူများနှင့် OG ဆရာမ ရဲ့တားမြစ်သံက သူ့နားထဲမှာ ဝင်ရောက်လာခြင်းမရှိ။ တဆက်ထဲ ဆူးကို ဖုန်းခေါ်သည်။ ဆူး ဘယ်ရောက်နေလဲဆိုတာ အတည်ပြုမှရလိမ့်မည်။

ခဏချင်းဖုန်းဝင်သွားသည်။ သို့သော် ဖုန်းမကိုင်။ အခုချိန် ဘယ်မှာရှိနိုင်လဲ။ သူမ ကားကိုသတိထားမောင်းရင်း အရှိန်တင်ကာ ပထမဆုံး သူ့ရဲ့ ကုမ္ပဏီကိုသွားတာ အဆင်ပြေဆုံးဖြစ်လိမ့်မယ်။

သူ့အတွင်းရေးမှူးရဲ့ဖုန်းနံပါတ်လဲရှိနေသည် မို့ နောက်ထပ်ဖုန်းခေါ်သည်။ ဝင်သွားသည့် ဖုန်းက ချက်ချင်းကိုင်သည်။

"အေး ဆူး ဘယ်မှာလဲ"

"ဟိုတယ်မှာ????? သူအဲ့မှာ ဘာလုပ်နေတာလဲ"

ကျူးရင့် အော်ပစ်တော့သည်။

ဟိုတယ်အသစ်ဖွင့်ပွဲကို ရောက်ရှိနေတယ် လို့ ပြောသည်။ ထို့ကြောင့် လမ်းကြောင်းပြန် ပြောင်းရသည်။ ဆူး ဟိုတယ်က ထွက်မလာ ဖို့သာ လိုသည်။ ဘာလုပ်ထားတယ် ဆိုတာ မသိပေမယ့် ။

ဟိုတယ်ဆီသို့ သူမ ရောက်လာချိန် လမ်းကြောင်းက တဖက်လမ်းကို ရောက်နေ သည်။ ဖဲကြိုးဖြတ်ဖွင့်ပြီးသည့်နောက် ဟိုတယ်ဖွင့်ပွဲက ပြီးခဲ့လေပြီ။ သို့သော် ဧည့်ခံကျွေးမွေးမည့် အပိုင်းရှိနေသေးတော့ ဆူး အဆောက်အဦးထဲ ပြန်ဝင်သွားမည်ကို သိနေပေမယ့် အတွင်းရေးမှူးရဲ့ စကားကြောင့် သူမ ဘက်လှည့်လာသည်။

ကျူးရင့် ကားကို တဖက်ပြန်လှည့်ဖို့က လမ်းကြောင်းတခုဆုံးသည့် အထိ သွားရမည်။

သူမ အိမ်နေရင်း ဗိုက်ဖုံးအင်္ကျီ‌အဖြူဘေးဝတ်ထား သည်ပင်။ ဆူး သူမကိုလှမ်းမြင်သွားသည့် အတွက်။ ကားကိုလမ်းဘေးထိုးရပ် လိုက်သည်။

Lose and Love( you can choice) GL (uni+Zawgyi)Where stories live. Discover now