Part 5

1.3K 105 3
                                    

Unicode Version

Projector ပေါ်တွင် ဟိုတယ်နှင့်ဆိုင်သော အသစ်တိုးချဲ့မှု ဒီဇိုင်းများ ဖော်ပြ သည်။ ဒီဇိုင်နာ။ အင်ဂျင်နီယာ များနှင့် ဘဏ္ဌာရေးနှင့် တခြားဌာန အသီးသီးပါဝင်သည်။

မီးအမှောင်ချထားပြီး Projector Screen. ပေါ်မှ တင်ပြချက်များကို အာရုံ စိုက်ရင်း။ အသစ်တိုးချဲ့ ဒီဇိုင်း ထည့်သွင်းရန် ဟိုတယ် စာရင်းတင်ပြသည်။

အောင်ပန်း။ မြစ်ကြီးနား။ ထားဝယ်။ ဖလန်း။ ငပလီ။ စသည် ဖြင့် ခရီးသွား သွားလာမှုများ သော နေရာများကို ဖော်ပြထားသည်။

"အောင်ပန်း ဟိုတယ်မှာဆိုရင် အခုလို ခရီးသသွားကာလ မှာ သိသိသာ သာ ဝင်ငွေ တိုးပါတယ်။

အညှာဘက်မှာ ပူပြင်းပေမယ့် ရှမ်းဒေသမှာ တော့ နေလို့ကောင်းရုံ ဆိုတော့။ ဘက်ဂျက် နဲ့ ဝင်ငွေ မျှခြေထက် ပိုနိုင်ပါတယ်"

"ငပလီ မှာဆိုရင်......"

"ထားဝယ် ဆိုရင်တော့...."

စသည် ဖြင့်တင်ပြသည့် နောက် နောက်ဆုံးမှာ မြစ်ကြီးနားမှ Monsoon Hotel ကို ရောက် သည်။

အကျဉ်းချုပ်ပြီးနောက်

"CEO ရဲ့ အကြံပြုချင်ကို သိချင်ပါတယ်"

ဆူး မျက်မှန်ချွတ်သည်။ လက်ထဲမှ ဖိုင်တွဲကို ကြည့်ရင်း

"မြစ်ကြီးနား ဟိုဘက် ခေါင်လန်ဖူး ကကော"

ဆိုတော့ ဟိုတယ်ပိုင်းဆိုင်ရာ ဒါရိုက်တာချုပ်က

"ခေါင်လန်ဖူးက ဆောင်းရာသီပဲ ဧည့်သည် ရှိပါတယ် ။ အခုလို နွေရာသီမှာက မိုးရွာတာ များတော့။ ခရီးသွားနည်းပါတယ်။

ပြီးတော့ လမ်းခရီးက အဆင်မပြေပါဘူး"

"အဲတာ ကျွန်တော်လဲ သိတယ်လေ။ ရောက်ဖူး နေတာပဲကို။

ခေါင်လန်ဖူးကဟိုတယ်ဆိုရင် အများအားဖြင့် အနူတ်ပြနေတဲ့ ထဲမှာ No 1 ပဲ။ အဲတာ ကိုဘယ်လို ပြင်ဆင်မလဲ သိချင်တာ"

ဒါရိုက်တာ ချုပ်က

"ဟုတ်ကဲ့ CEO အကြံပြုပေးပါ"

ဆူး ထရပ်လိုက်သည်။ မီးဖွင့်ရန် ခေါင်းညိတ် သည်။

အစည်းအဝေးခန်းထဲမှာ သက်ဆိုင်ရာ အားလုံးရှိနေသည်။

Lose and Love( you can choice) GL (uni+Zawgyi)Where stories live. Discover now