Part 14

1.7K 126 8
                                    

Unicode Version

ထင်းမီးဖိုရဲ့အနွေးဓါတ်ကြောင့် လက်က ဖြေးဖြေးချင်း လှုတ်ရှား၍ ရသည်။ သူ့ရဲ့ လက်ကို ကိုင်ပြီး မီးရောင်ပြနေသော ကျူးရင့် ကမျက်မှောင်ကုတ်ထားသည်။

သူကတော့ မေးထောက်ပြိး သူမကိုသာ ငေး ကြည့်နေသည်။ ကျူးရင့်ရဲ့ မျက်စောင်းတချက်တချက်က ။

ပြောပုံလဲကြည့်အူံးလေ။

"ကျွန်တော်တို့ တညလောက်တည်းပါရစေခင်ဗျ။ ကျွန်တော့ချစ်သူစိတ်ကောက်ပြီး ထွက်သွားရာက မနည်းပြန်ခေါ်ထားရင်း ဟိုတယ်ပြန်ဖို့ လမ်းပျောက်သွားလို့ပါ"

တဲ့။ စိတ်ကောက်တယ်။ သူ့ချစ်သူ။ ဟုတ်တော့လဲ ဟုတ်သည်။ ညအချိန်မတော် လူဆိုး လူကောင်းမသိနိုင်တဲ့ နေရာမှာ မည်သူ့ကိုမှ ညအိပ်လက်ခံတဲ့ အလေ့အကျင့် မရှိသော ဒေသမို့။

ထိုသို့ စကားတခွန်းက ထိရောက်သွားသည် ဆိုရမည်။ အခန်းသီးသန့်ပေးပြီး မီးလင်းဖိုမှာ မီးထည့်ထားပေးသည်။

"မကြည့်နဲ့ တော်တော့"

ဆူးက မေးထောက်ထားသည့် အနေအထားကို ချေဖြတ်ပြီး ထင်းမီးကို အနည်းငယ်ထည့် ကာ

"မျက်စိပါတာကိုး။ လှတာမြင်တော့လဲ ကြည့်မိတာပေါ့"

"ကိုယ့်ဇနီးလောင်းကို ကိုယ်ပြန်ကြည့်လေ။ အလကားနေရင်း စနိုက်ကျော် ဖြစ်အောင် လာမလုပ်နဲ့။ အလိုလို မှ နာမည်ကောင်းတာ မဟုတ်ဘူး"

ဆူးက တချက် ရယ်သည်။ သူမကိုမေးဆတ်ပြ ရင်း

"မင်းက ဘာလို့ စနိုက်ကျော်ဖြစ်ရမှာလဲ။ ကိုယ် မင်းကို ပိုင်ဆိုင်ဖူးထားတာပဲ။ ဖြစ်ချင်းဖြစ် မိန်းမကြီးပေါ့"

"အားးးး"

လက် ကနောက်တခေါက်ဖြစ်ညစ်ခံလိုက်ရသည်။ သို့သော်

"နင်"

ဒီတကြိမ်တော့ ဆူးက သူမကို အားနဲ့လှမ်းဆွဲ လိုက်သည်။ရုတ်တရပ်ဆန်စွာပဲ။ သူ့ဘက်သို့ ယိုင်နဲ့လာသည်နှင့် လက်နှစ်ဖက်လုံးကို ဖမ်းဆွဲပြီး ခါးကို လက်တဖက်နဲ့ သိုင်းဖက် ထားသည်။

ကျူးရင့်က ချက်ချင်း ရုန်းထွက်သည်။ ဆူး လဲ မကြိုက်မှန်းသိတော့ ချက်ချင်း လွတ်ပေး လိုက်သည်။ လက်လဲ ပြန်ကောင်းသွားပါပြီ။

Lose and Love( you can choice) GL (uni+Zawgyi)Where stories live. Discover now