Part 18

1.6K 116 11
                                    

Unicode Version

"မင်းက ငါ့အတွက် အတူတူအိပ်ပေးမယ့် ပြည့်တန်ဆာ တယောက်အဆင့် ဆိုတာ ခေါင်းထဲမှာ မြဲမြဲမှတ်ထား။"

ဟင်း။ ဆတ်ခနဲ တုန်ပြီး လန့်နိူးလာသည်။ အလင်းရောင်မှိန်ပြပြ အိပ်ခန်းထဲ။ သူမ ခါးကို တစုံတယောက် ဖက်ထားသည်။ ရင်းနှီးနေပြီး သား အခန်း ဖြစ်သည့် အတွက် သူမကို ပွေ့ဖက်ထားတာ သူကလွဲ၍ မဖြစ်နိုင်။

အိပ်မက်ဆိုး။ သို့သော် အသားကျနေပါပြီ။ သူအိပ်ပျော်နေတာပဲ။ သူ့ရဲ့အသက်ရူသံက ခပ်မျဉ်းမျဉ်းရယ်။

"မင်းက ငါ့အတွက် အတူတူအိပ်ပေးမယ့် ပြည်တန်ဆာ တယောက်အဆင့်ပဲ"

ထိုစကားသံက ပဲ့တင်ထပ်နေသည်။ မှန်သည်။ မင်္ဂလာဦးညမှာ သူမတို့ အတူတူ မရှိခဲ့ပေမယ့် ပိုးယုံလေး သတ်သေတဲ့ သတင်း နှင့် အတူ သူမက အဲဒီနေရာကို ထာဝရ အနေနဲ့ နေထိုင်ခဲ့သည်။

"မင်း ကို ဘယ်နည်းနဲ့မှ ကွာရှင်းမပေးနိုင်ဘူး။ အခုလို ဘဝမျိုးနဲ့ အရိုးဆွေးအောင်နေလိုက်"

သို့သော်။ သူမ ကိုနောက်ဆုံးကျ မောင်းထုတ် ခဲ့တယ်။ ထို့နောက် သူမ သတ်သေခဲ့တာပင်။

"အိပ်မက်ဆိုး တွေမက်ပြန်ပြီလား"

သူမ တိတ်ဆိတ်နေသည်။ သူနိုး နေသည် ဟု ဆိုခြင်း ဖြစ်သည်။ သူမ ရဲ့ ပါးလေးကို နမ်းပြီး ဖြေးဖြေး ချင်းဆွဲလှည့်သည်။ LED မီးအလင်းရောင် သာရှိတယ် ဆိုပေမယ့် တယောက်နဲ့ တယောက် သေချာမြင်ရပါသည်။

ထို့နောက်တော့ ကျူးရင့် သူ့ရင်ခွင်ထဲ တိုးဝင်ရင်း။ သက်ပြင်းချသည်။

"လက်ထပ်ပွဲ စီစဉ်ဖို့ အကြီးတို့ ပြောနေပြီ။မင်းသဘော ကကော"

ကျူးရင့်က

"လက်ထပ်ပွဲ မလုပ်လဲ ရတယ်။ စာချုပ်မှာ လက်မှတ်ထိုးလဲ အတူတူပဲ မဟုတ်လား"

"ဟင်"

ဆူး မျက်မှောင်ကုတ်သွားသည်။ အခုထိ အတိတ်ကအရာကို လွတ်မချနိုင်သေးတာ ကြောင့်လား။

"ကျူးရင့်"

ပြန်ပင်မထူး။

"ကျူးရင့်"

Lose and Love( you can choice) GL (uni+Zawgyi)Where stories live. Discover now