Part 1

1.9K 105 8
                                    

Unicode Version

"ဘာာ!!!!!"

"ဘာပြောလိုက်တယ်"

ဆူးရဲ့မျက်ခုံးထူထူက အလယ်ကိုဆုကျုံ့ သွား သည်။ ကျူးရင့်ရဲ့ အိမ်ကို ရောက်တော့ သူမရဲ့မိထွေးနှင့် တခြားမိသားစုဝင် တွေသာ ရှိပြီး သူ့ကိုလက်ထပ်ချင်လှပါခြည်ရဲ့ဆိုတဲ့ ကျူးရင့်တေး ရှိမနေ။

အိမ်ကထွက်သွားပြီတဲ့။  နောက် တစ်နာရီပဲ အခန်းအနားစတော့ မယ် ။ လက်မထပ်ခင် ညှိန‌ှိုင်းရန်အတွက် သူရောက်နေခြင်းပါ။ ကိုယ်လက်ထပ်ရမယ့် သူကို တွေ့ချင်လွန်း၍ မဟုတ်။

"ခုနလေးကပဲ မိတ်ကပ်ပြင်ဖို့ လုပ်တဲ့အချိန် အခန်းထဲမှာ မရှိနေလို့ ရှာခဲ့ပြီးပြီ။ သူ့ရဲ့ မှန်တင်ခုံပေါ်မှာ ဒီစာလေး တစောင်ကိုတွေ့မှ သူထွက်သွားပြီဆိုတာ သိလိုက်ရတာ"

ဆူး ထိုစာကိုဆတ်ခနဲလှမ်းယူလိုက်သည်။ ကျူးရင့်တေးရဲ့မိထွေးဆိုတာ အရမ်းနဲ့ ဂုဏ်ပကာသနကို မက်မောတဲ့ သူဆိုတာ သိထားသည် ့အတွက် ယခုအခြေအနေမှာ တွက်ချက်နဲ့နှမ်းထွက် မကိုက်ဖြစ်နေပုံ ကြည့် ခြင်းဖြင့် ကျူးရင့်တေးဘာလုပ်နေလဲဆိုတာ သူသိချင်သည်။

စာတွင်။

"မေလေး။ ကျူး အိမ်က ထွက်သွားပါပြီ။ ကျူး သူ့ကိုလက်မထပ်ချင်တော့ဘူး။ ဒါကြောင့် မင်္ဂလာပွဲကို ဖျက်လိုက်ပါ။ ကျူးကိုယ်တိုင်ဆို သူ့ကိုလက်မလွတ်နိုင်မှာမဟုဝ်ဘူး။ ဒါကြောင့် ဒီစာရေးထားခဲ့ပါတယ်။

ဆူးအက္ခရာမေးလာခဲ့ရင် သူ့ကိုပြောပေးပါ။ ကျူးနဲ့ သူက အဲ့ညက ဘာမှမဖြစ်ခဲ့ပါဘူးလို့။ လိမ်ညာမိတဲ့အတွက် တောင်းပန်ကြောင်း ပြောပေးပါ။

ကျူးရင့်တေး"

ဆူး သက်ပြင်းချလိုက်သည်။ လက်ထပ်ပွဲ ကို သူ့ဘက်က ဖျက်သိမ်းသွားသည် ပေါ့။ ဒါဆို ဘာလို့အရူတ်တွေ လုပ်ခဲ့သေးလဲ။ ကောင်းသွားတယ်။ ပိုးယုံလေး နဲ့ သူ့အတွက် အခက်အခဲ မရှိတော့ဘူး။

ကျူးရဲ့ မိထွေးတော် ကို တချက်လှမ်းကြည့် ပြီး။

"မင်္ဂလာပွဲ ပြင်ဆင်စရိတ်ကို ပြန်တောင်းမှာကြောက်နေတာလား။ မစိုးရိမ်ပါနဲ့။ ကျူးရင့်တေး ရဲ့ဆုံးဖြတ်ချက်ကို  ကျွန်တော် လက်ခံပါတယ်။ဒီစာကိုသက်သေအဖြစ် ကျွန်တော် ယူထားမယ်"

Lose and Love( you can choice) GL (uni+Zawgyi)Where stories live. Discover now