လိမ္မော်နုရောင်နဲ့အ၀ါသမ်းသမ်းကြား ရောစပ်ထားတဲ့အလင်းတန်းကအခန်းထဲတဟုန်ထိုး၀င်လာတာကြောင့် မနက်စောစောရောက်နေတာသိပေမယ့်လဲ အိပ်ယာထဲသာဆက်လှဲနေလိုက်သည်။
Bible ကလူရှာအမဲလိုက်ထွက်တော့မည်ဆိုတာကိုသူ့ကိုအသိမပေးမိရုံလေးနဲ့တင်
စိတ်ထဲ၀မ်းနည်းကာ
ဘာကြောင့်ဒီလိုထုံထိုင်းနေရတာလဲ
သူ့ကိုယ်သူနားမလည်တော့။ပထမတော့စိတ်တွေရှုပ်ထွေးကာ နောက်အဆင့်ကျတော့၀မ်းနည်းလာရသည်။ ထို့ပြင်တစ်ခါတစ်လေ
နံရံကိုဆွဲထိုးချင်တဲ့စိတ်တွေအထိပါပေါ်ပေါက်လာ
ရပြီးလူလဲရူးမတက်။အိပ်ယာထဲလှဲနေသည်ဆိုပေမယ့်သူ့နားတွေဟာ
အပြင်ဘက်မှာလူတွေ တရှပ်ရှပ်ဖြစ်သွားဖြတ်လာလုပ်နေတာကိုနားစွင့်နေတယ်။
သေချာပေါက် Bible ထွက်ခွာတာကိုကောင်းချီးပေးနှုတ်ဆက်ဖို့ပေါ့။စိုးရိမ်စိတ်နဲ့တီးတိုးပြောသံတွေကလဲ သူ့နားထဲသံရည်ပူလောင်းသည့်အတိုင်းပင်။
"ဒီတစ်ခါရန်သူကအရမ်းအန္တရာယ်များတာပဲတဲ့"
"အေးဆို သူလုပ်နိုင်ပါ့မလား"
စသဖြင့်ပေါ့။
လှဲနေရာကနေ ခေါင်းအုံးတစ်လုံးဆွဲယူကခေါင်းကိုဖိလိုက်သည်။အသံတွေများပျောက်လိုပျောက်ငှား။
"Buibui" အဘွားအိုရဲ့အသံကတိုးရှလို့။
"Humm? "
"အရှင့်ကိုသွားမနှုတ်ဆက်တော့ဘူးလား"
"တော်ပြီဘွား"
အဘွားကပိုက်ထားတဲ့လက်တွေကိုခါးမှာပြောင်းထောက်ရင်းကနေ
"ဘာဖြစ်လို့တုန်း"
Buiရဲ့ကုတင်အစွန်းမှာလာထိုင်ရင်းနှစ်သိမ့်ပေးဖို့ကြိုးစားသည်။
"သူ..သူက buiမခံစားချင်တဲ့အရာတွေကို
ခံစားရအောင်လုပ်တယ်ဘွားရယ်။ မနာကျင်ချင်ဘူး။တစ်စုံတစ်ယောက်ကိုလဲဂရုစိုက်မပေးချင်ဘူး။ Cookiesတွေကိုလဲ wen အတွက်ကလွဲလို့ဘယ်သူ့ကိုမှလုပ်မပေးချင်ဘူး။ ဒါပေမယ့်...
ဒါပေမယ့် သူ က bui ချထားတဲ့စည်းတွေကိုတစ်ဖြည်းဖြည်းကျော်လာခဲ့တာ။ ခုဆိုရင် သူတစ်ခုခုများထိန်ချန်ထားလို့ bui ကသူများဆီကတစ်ဆင့်ပြန်ကြားရရင် နှလုံးသားကနာကျင်ရတယ် ။ ဒဏ်ရာတွေများရလာခဲ့ရင်ဆိုပြီး တွေးပြီးသောကရောက်ရတယ်။ ပြီးတော့ cookie တွေ..."
YOU ARE READING
This is How Mr. English Hunt My Heart(completed)
Fanfiction"Oh Lord I wanna kiss his dimples so bad" "သူကငါတို့ဘာသာစကားမတက်ဘူးလား"