မိုးရာသီဖြစ်တာကြောင့် နေ့တိုင်းမိုးရွာရင်ရွာ မရွာလျှင်မိုးအုံ့သည့်ဒေသဖြစ်သည်။ဒီကနေ့ကတော့ မိုးတွေကတဖွားဖွားကျနေသည်မို့ Bible က
ခေါင်းပေါ်ကိုလက်ဖြင့်ကာ ကာမီးမှိန်မှိန်ဆိုင်လေးထဲပြေး၀င်လိုက်သည်။"Build တံခါးတွေပိတ်အုန်း မိုးရေတွေ၀င်ကုန်မယ် " အဖွားကလှမ်းအော်လိုက်တာမို့
မိုးယိုနေတဲ့ ရေအကွက်လိုက်ကြီးကိုသုတ်နေရင်းကနေ တံခါးရှိရာဆီသို့buildကပြေးသွားလိုက်သည်။မှန်တံခါးကိုခပ်မြန်မြန်ဆွဲပိတ်လိုက်ပြီး
မှန်အပြင်ဘက်မှ တစ်ဖြည်းဖြည်းသည်းလာတဲ့မိုးကိုကြည့်ပြီး သူအမှတ်တမဲ့ပြုံးလိုက်မိသည်။အပြင်ဘက်ကမိုးသားမဲမဲကြောင့် အလင်းခပ်ပြပြကလေးက မျက်နှာနုနုပေါ်ထင်ဟပ်နေတဲ့မြင်ကွင်းကို တံခါးဘောင်ကိုခပ်လျှောလျှောမှီရင်း Bible က စိမ်ပြေနပြေ အကြာကြီးစိုက်ကြည့်နေ၏။
"ကလေးရေ- "
"အဘွား shhhh"
အဘွားဘက်ကိုတောင် နှုတ်ခမ်းပေါ်လက်ညိုးတင်ပြီးတစ်ရှူးရှူး တစ်ရှဲရှဲလုပ်နေတဲ့သခင်လေးကိုကြည့်ရတာ သူ့ရင်သပ်ရှူမောဖွယ်ပန်းချီကားလေး လန့်သွားမည်စိုးရိမ်သောကြောင့်ဖြစ်မည်ထင်သည်။"Buibuiကချိုချိုလေးကြိုက်တာ"
လက်ထဲရေနွေးအိုးနဲ့ကော်ဖီကြိတ်မှုန့်အနည်းငယ်ကိုထည့်ကာ အဘွားကပြန်ထွက်သွားတာကြောင့် Bibleကပဲ ကော်ဖီမှုန့်အနည်းငယ် သကြားများများထည့်ကာ
ခပ်ချိုချိုကော်ဖီလေးကို ပြတင်းပေါက်နားယူသွားပေးလိုက်သည်။လူသံကြားတော့ မတ်သွားတဲ့ကျောရိုးလှလှက သူ့နောက်မှာ၀င်ရပ်နေတာ Bible မှန်းသိတော့ ပြန်ပြေသွားသည်။
"ကျေးဇူးတင်ပါတယ်"
ခပ်နွေးနွေးကော်ဖီခွက်ကိုလက်၂ဖက်နဲ့ယူကာ
ကျေးဇူးတင်စကားခပ်ဖွဖွဆိုတော့ Bibleက" မိုးရွာတာကိုနှစ်ခြိုက်တာလား?"
ဟုမဆီမဆိုင်ကောက်မေးလိုက်သည်။
"အင်းအများကြီးသဘောကျတယ်"
Bui ကသူ့မိဘတွေဆုံးပါးသွားတဲ့အချိန်တွေကိုခုထိမှတ်မိနေတုန်းပဲ။ အဲ့နေ့ကလဲမိုးတွေသည်းကြီးမည်းကြီးရွာသည်။
ပြီးတော့ အဘွားအိမ်ရှေ့မှာ မိုးရေထဲတုန်နေအောင်ရပ်ပြီးအလုပ်တောင်းခံခဲ့ရတာကိုလဲမှတ်မိသည်။
သို့သော် အကျည်းတန်တဲ့မှတ်ညဏ်တွေကြောင့်ဒီလိုအလှတရားကိုမုန်းဖို့ကကျတော့ မတန်မရာပဲ။
YOU ARE READING
This is How Mr. English Hunt My Heart(completed)
Fanfiction"Oh Lord I wanna kiss his dimples so bad" "သူကငါတို့ဘာသာစကားမတက်ဘူးလား"