final(zawgyi)

134 4 0
                                    


အရှင့်သားကတမှိုင်မှိုင်တထွေထွေ ။
သူမှသူငယ်ချင်းနဲ့တူတူထိမ်းမြှား
ခြင်းမင်္ဂလာပြုချင်လို့သူငယ်ချင်းကို ရှင်ထီး (ရှင်မဆို အမဖြစ်တာကြောင့် သူငယ်ချင်းကလင်ယူသွား၍ ရှင်ထီးဟုပြောင်းလဲခေါ်ဆို) ရှာပေးတာကို သူ့ထက်အရင်စောကာ သူ့ကိုကျော၍အရင်လက်ထပ်သွားသည်။

သူ့သူငယ်ချင်းကတော့နွားပွဲစားလိုသဖြီးကြီးနဲ့ နေ့လည်ကတွေ့လိုက်ရပေမယ့်သူ့ကတော့
နွားခိုးခံရတဲ့လူကိုမှိုင်တိုင်တိုင်။

မင်းတို့ကမဟုတ်သေးပါဘူးကွာ
အရင်လကမှ နန်းတွင်းထဲငိုသံကြီးနဲ့
မေတ္တာတွေငြင်းပယ်ခံရပါတော့မယ်တွေရော
ဖြစ်တာမို့ သူတောင် သေရည်တစ်အိုးချပြီး
ဆရာတူညီအကိုရေ အချစ်ဟာဒီသေရည်ထက်ခါးကြောင်း သေရည်ဆိုတဲ့နာမည်နဲ့အရည်တောင် အချစ်လောက်လူကိုမသတ်ကြောင်း  အချစ်မရှိအပူမရှိပါ ဆိုတဲ့ခေါင်းစဉ်နဲ့  လူရှာကြေးစားကို တစ်ကိုယ်တော် အချစ်အကြောင်းဟောပြောပွဲတောင်ကောင်းကောင်းလုပ်ခဲ့သေးတာပါ။

ဘယ့်နှယ်လွန်ခဲ့တဲ့ရက်အနည်းငယ်ကျမှ ကောက်ခါငင်ခါ မယ်မယ်နဲ့ခမည်းတော်ကိုအိမ်ထောင်ဦးစီးဖြစ်တော့မှာမို့လို့ အနားယူချင်ကြောင်း သူ့တိုင်းပြည်ကိုလဲ ခိုနဲ့ စာပို့ပြီးကြောင်းတွေ ဖွင့်အောချပြီး လင်ယူသွားရတာတုန်း။

မဟုတ်သေးပါဘူးကွာ
မဟုတ်တော့ပါဘူး။
သူငယ်ချင်းအတွက် ပျော်ပေးချင်ပေမယ့်လဲဒါမျိုးကြီးသပ်သပ်ကျောသွားတာတော့လက်မခံနိုင်လေ။

"ခ၀ေးမသား!"

_____

" ဟက်ချိုး! ဟာကွာ ဒီနှာခေါင်းကလဲ"

ကွတ်ကီးတွေကိုစီရင်း နှာတွေကထထချေတာမို့ Bible ကစိတ်မရှည်တော့ပါ။
ဘယ်ကောင်ငါ့ကိုကြိမ်ဆဲနေတာလဲကွ!!

"ယောင်္ကျား နေမကောင်းဘူးလား"

နဖူးပေါ်လာတင်တဲ့လက်နွေးနွေးကလေးကို
နဖူးကနေနှုတ်ခမ်းဆီဆွဲချပြီး လက်ဖမိုးအားနမ်းရှုံ့လိုက်သည်။

"လူကတော့ကောင်းပါတယ် မင်းကိုဒီတစ်မနက်လုံးမတွေ့ရလို့ နှလုံးသားလေးကပဲဖျားချင်နေတာ"

This is How Mr. English Hunt My Heart(completed) Where stories live. Discover now